သတင်းနှင့် လှုပ်ရှားမှုများ
၂၆.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဆိုင်ရာ သင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား (၁၀) ဦး၊ သင်တန်းနည်းပြ (၃) ဦးဖြင့် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၆.၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ သာကေတမြို့နယ်၊ မာန်ပြေရပ်ကွက်အတွင်းရှိ ဆေးပစ္စည်းများရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် ဆေးပစ္စည်းပြတ်လပ်မှုနှင့် ဈေးနှုန်းများမြင့်တင် ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးသည် ၂၅.၂.၂၀၂၅ ရက်နေ့တွင် တောင်ဒဂုံမြို့နယ်၊ အမှတ်(၈၈)ဈေး၊ ဈေးတာဝန်ခံရုံးခန်း၌ မိမိမြို့နယ်အတွက် တာဝန်ယူရောင်းချမည့် ကုမ္ပဏီ(၄)ခုမှ စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး၌ (၂၄.၂.၂၀၂၅) ရက်နေ့ ၊နေ့လယ် (၁၃:၃၀) အချိန်တွင် မြန်မာလီဝေဝေစားသောက်ကုန်လုပ်ငန်းရှင်မှလာရောက် တွေ့ဆုံဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(၂၄.၂.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဗိုလ်မင်းရောင် ဈေးအတွင်းရှိ၊ ဈေးတာဝန်ခံရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
