သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Oct 2024
စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်အနေဖြင့် ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံတို့ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ (၉-၁၀-၂၀၂၄)ရက်နေ့တွင် ကင်မလင်းကျွန်းရပ်ကွက်အတွင်းရှိ ဆန်အရောင်းဆိုင်များအား သွားရောက်၍ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
22 Oct 2024
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်တိုးတက်အောင်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်များပိုမိုအဆင်ပြေချောမွေ့အောင် အသင်းအဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါသည်။
22 Oct 2024
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကျောင်းနေအရွယ် ကျောင်းသား/ ကျောင်းသူများစားသောက်နေသောမုန့်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စားသုံးသူအခွင့်အရေးနစ်နာမှုမရှိစေရန် ကုန်စည်နှင့် အစားအသောက်များကိုရွေးချယ်ဝယ်ယူစားသောက်နိုင်ရေးအတွက် (၁၁-၁၀-၂၀၂၄)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် ညောင်တုန်း စက္ကော့ အထက်တန်းကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြသည်။

Pages