သတင်းနှင့် လှုပ်ရှားမှုများ
၇.၁၂.၂၀၂၀ ရက်နေ့နှင့် ၈.၁၂.၂၀၂၀ ရက်နေ့တို့တွင် ကချင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးများသည် မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ မြို့သစ်ကြီးရပ်ကွက်နှင့် ခေမာသီရိရပ်ကွက်များရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်နှင့် ကုန်စုံဆိုင်များတွင် အရေးကြီးကုန်စည်များဖြစ်သည့် Covid-19 ရောဂါကာကွယ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများဖြစ်သည့် Mask, Hand Gel & Face Shield များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ အမျိုးအစား၊ အရည်သွေး၊ အာမခံချက်အပေါ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးစိုးစိုးသည် ဝန်းသိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဖြင့် ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ(၇)ရက်နေ့တွင် စားသုံးသူကာကွယ်ပေးရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် မှ မြို့နယ်အထိ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များ၊ တောင်သူများ စုပေါင်းပြီး ဆန်စပါးမြို့နယ်အမှုဆောင်ရွေးချယ်ပွဲ ကို ဒီဇင်ဘာလ (၈)ရက်နေ့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့မ knowledge center တွင် Covid-19 ကျန်းမာရေး

ရှမ်းပြည်နယ် ၊ စားသုံးသူရေးရာကော်မတီ အစည်းအဝေး (၂/၂၀၂၀) အား ၂၇.၁၁.၂၀၂၀ ရက်နေ့(၁၃:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဘဏ္ဍာရေးဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ဒု-ဥက္ကဌ ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် စားသုံးသူ ရေးရာဦးစီးဌာနမှအတွင်းရေးမှူး ဦးတင့်လွင်ဦးက စားသုံးသူကာကွယ်ရေးဉပဒေအရ စားသုံးသူ ရေးရာကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များအားရှင်းလင

မြန်မာနိုင်ငံသည် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ (ASEAN Committee on Consumer Protection-ACCP) အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီနှင့် အဓိကဆက်သွယ်ဆောင်ရွက်ရသည့်ဌာနဖြစ်ပါသည်။ အာဆီယံစားသုံးသူ ကာကွယ်ရေး ကော်မတီသည် အာဆီယံစားသုံးသူကာကွယ်ရေးမဟာဗျူဟာလုပ်ငန်းစီမံချက် (၂ဝ၁၆-၂ဝ၂၅) (ASEAN Strategic Action Plan for Consumer Protection 2016-2025) ကိုချမှတ်၍ ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်
