သတင်းနှင့် လှုပ်ရှားမှုများ
၁၉.၁.၂၀၂၁ ရက်နေ့တွင် မိုးညှင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့ နယ်ကုန်းတန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်၌ စားသုံးသူကာကွယ်ရေးအသိညာပေးဟောပြောပွဲကို Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ခဲ့ပြီး ဒုတိယဦးစီးမှူး ဦးဝင်းသိန်းဦးက စားသုံးသူကာကွယ်ရေးဥပဒေပါအဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူ၏အခွင့်အရေး နှင့်လိုက်နာရမည့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့်အခွ

စားသုံးသူရေးရာဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများဖြစ်သော မော်လမြိုင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်သော အဖွဲ့ဖြင့် ၁၂.၁.၂၀၂၁ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာရှိ ဈေးနှင့် ကျေးရွာအတွင်းရှိ စတိုးဆိုင်၊ ဆေးဆိုင်၊ ကုန်စုံဆိုင်များသို့ သွားရောက်၍

၁၇.၁.၂၀၂၁ ရက်နေ့တွင် မော်လမြိုင်ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်ဆွေးနွေးပွဲကို National Enlightement Institute Office (NEI) တွင်ကျင်းပပြုလုပ်ရာ မော်လမြိုင်ကုန်စည်ဒိုင်ဥက္ကဌနှင့် အလုပ်အမှုဆောင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ NEIမှ အုပ်ချုပ်မှု ဒါရိုက်တာနှင့်ဝန်ထမ်းများ စုစုပေါင်း(၂၉)ဦး တက်ရောက်ပါသည်။

ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနရှိ ပြည်နယ်ဦးစီးမှူးရုံးနှင့် မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝိုင်းမော်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရွှေပင်လယ်စတိုး၌ ၁၈-၁-၂၀၂၁ ရက်နေ့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

၁၅.၁.၂၀၂၁ ရက်နေ့တွင် ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာန CICC ရုံးခန်း၌ ပေါက်ကုန်းရပ်ကွက်မှ စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။ ၎င်းဟောပြောပွဲတွင် ဒု-ဦးစီးမှူး ဒေါ်နှောင်းနှောင်းဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ၊ ကုန်အညွှန်းအမှတ်အသ
