သတင်းနှင့် လှုပ်ရှားမှုများ
ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးနိုင်မိုးကိုနှင့် ခရိုင်ဝန်ထမ်းများသည် ၁၅.၂.၂၀၂၂ ရက်နေ့ (၀၉း၃၀)နာရီအချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ (FDA)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့(ဈေး)များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် FDAဦးဆောင်မှုဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထောက်ခံချက်မရှိဘဲ နယ်စပ်မှတရားမဝင် ဝင်ရောက်

စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်၊ “Top” ခေါက်ဆွဲ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ် အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိ လိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

(၁၄-၂-၂၀၂၂)နေ့ နံနက်(၀၉:၃၀)အချိန်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ဦးဆောင်ပြီး ထွေအုပ်၊ စည်ပင်၊ ကျန်းမာရေး၊ မွေး/ကု၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ (စစ်တွေခရိုင်ဦးစီးမှူး) ပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်တွေမြို့ပေါ် ရပ်ကွက်ရှိ စတိုးဆိုင်များ၊ ဈေးဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မ မြို့နယ်တာဝန်ခံ ဦးအောင်မိုး သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၁၀.၂.၂၀၂၂ရက်နေ့၊ နေ့လည်(၁၁:၃၀)နာရီတွင် ဝါးခယ်မ မြို့နယ်၊ မြို့မဈေးအတွင်းရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချသောမုန့်များ၌ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြခြင်းရှိ/မရှိကို စိစစ်ဆောင်ရွက်ပြီး မုန့်ဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးဦးအောင်သိန်း ဦးဆောင်၍ ပြည်တွင်းတာဝန်ခံဒေါ်ခင်ခင်ထိုက်၊ လက်ပံတန်းမြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့်အဖွဲ့သည် (၉.၂.၂၀၂၂) ရက်နေ့တွင် လက်ပံတန်းမြို့နယ် DENKO စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ သတ်မှတ်ထားသော စက်သုံးဆီခွဲတမ်းများ၊ သတ်မှတ်အရည်အသွေးမပြည့်မှီသော ကုန်စည်များအား အမျိုးအစားတူကုန်စည်နှင့် ရောနှောရောင်းချခြင်းမပြုရန်နှင့် စျေးနှုန်းများ အရည်အသွေးများ အချိန်အတွယ်ပမာဏများအတိုင်း မှန်ကန်ပြည
