သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ဇွန်လ ၁၇ ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်၌ လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းဘေးရှိ “ထွန်းသစ်စ” စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးနှင့် မအူပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၈.၆.၂၀၂၂)နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Commumity Center ခန်းမတွင် Talk Show အစီအစဉ် ကျင်းပပြုလုပ်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည်ဇွန်လ(စတုတ္တ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများဖြစ်သော ကသာခရိုင်တွင် ဈေးအနည်းငယ်တက်နေပြီး၊ မုံရွာခရိုင်နှင့် ကန့်ဘလူခရိုင်တို့တွင် ဈေးအနည်းငယ်ကျနေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်မှ မြို့နယ်တာဝန်ခံ ဒေါ်ချယ်ရီမြင့်နှင့်ဝန်ထမ်းများသည် (၁၆.၆.၂၀၂၂)ရက်နေ့ (၁၁:၀၀)နာရီ အချိန်တွင် ရေကြည်မြို့၊ စိမ်းလဲ့ရေကြည်ခန်းမတွင် ဆန်စက်လုပ်ငန်းရှင် (၁၄)ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်၊၊
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအား ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် လုပ်ငန်းရှင်များအား မိမိတို့ထုတ်လုပ်သော ကုန်စည်များ၏ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ပြည့်စုံမှန်ကန်မှုရှိစေရေး အစဉ်တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။
