သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
22 Oct 2024
22 Oct 2024
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်တိုးတက်အောင်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်များပိုမိုအဆင်ပြေချောမွေ့အောင် အသင်းအဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါသည်။

22 Oct 2024

22 Oct 2024
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကျောင်းနေအရွယ် ကျောင်းသား/ ကျောင်းသူများစားသောက်နေသောမုန့်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စားသုံးသူအခွင့်အရေးနစ်နာမှုမရှိစေရန် ကုန်စည်နှင့် အစားအသောက်များကိုရွေးချယ်ဝယ်ယူစားသောက်နိုင်ရေးအတွက် (၁၁-၁၀-၂၀၂၄)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် ညောင်တုန်း စက္ကော့ အထက်တန်းကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြသည်။

22 Oct 2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ခြောက်ဆိုင်များသို့ အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၌ အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိခြင်းအခြေအနေအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

