သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Jan 2024

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်ကအနီးကပ်ကြီးကြပ်၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူပြည်သူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ကြွယ်ဝစေရန်၊ အစားအသောက်၊ အသုံးအဆောင်ပစ္စည်းများအား မှန်ကန်စွာရွေးချယ်ဝယ်ယူတတ်စေရန်နှင့် စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ဝန်ဆောင်မှုဆိုင်ရာအသိပညာများရရ

18 Jan 2024

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၀.၁.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် အမှတ်(၄၅)၊ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ဆရာမ(၈)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၄၇)ဦး၊ စုစုပေါင်း(၅၅)ဦးတို့အား စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

17 Jan 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် အသိပညာများကို စားသုံးသူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် Online မှလည်းကောင်း၊ မြေပြင်ကွင်းဆင်း၍လည်းကောင်း အသိပညာပေးဟောပြောပွဲများဆောင်ရွက်လျက်ရှိပါသည်။

17 Jan 2024

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်းရောင်းချလျက်ရှိသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေခြင်းကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။

17 Jan 2024

   “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စားသုံးသူများအတွက် ကုန်အညွှန်အမှတ်အသားများပြည့်စုံသော ကုန်စည်များကိုပိုမိုရွေးချယ်နိုင်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ဒေသတွင်းရှိ MSMEs လုပ်ငန်းများသို့သွားရောက်၍ လစဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။

Pages