သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Jul 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့၊ နေ့လယ် ၁၅း၃၀ နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ကျင်းပသော အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မြေပြင် စစ်ဆေးခြင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ တာဝန်ယူဆောင်ရွက်နေသည့် တာဝန်ခံများနှင့်တွေ့ဆုံ သည့် ညှိနှိုင်းအစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးဝန်ထမ်းများမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။
21 Jul 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့၊ နေ့လယ် ၁၃း၀၀ နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ကျင်းပသော ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ အစည်းအဝေး(၁/၂၀၂၅)တွင် တင်ပြရမည့်စာရင်းဇယားအချက်အလက်များနှင့်ပတ်သက်၍ ညှိနှိုင်း အစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးနှင့်ဝန်ထမ်းများမှ Virtual စနစ်ဖြင့် တက် ရောက်ခဲ့ပါသည်။
21 Jul 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့၊ နံနက် ၉း၃၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်း‌ဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Yadanarbon Global Network Distribution Co,Ltd နှင့် Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၃) ပေပါကို ယာဥ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 2l-7044 / Nissan မော်‌တော်ယာဉ်ဖြင့် တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး
21 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၃.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကုန်စုံဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း ကို ဆောင်ရွက်ခဲ့ပါသည်။
21 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ဟင်္သာတမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ရုံးလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များအား ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

Pages