သတင်းနှင့် လှုပ်ရှားမှုများ
(၁၇-၇-၂၀၂၆) ရက်နေ့တွင် (ပန်းတနော်မြို့နယ်) စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အလယ်ပိုင်းရပ်ကွက် စန္ဒာဝင်းကုန်စုံဆိုင် သို့ ကွင်းဆင်း၍ ရောင်းချလျက်ရှိသော ကုန်ပစ္စည်းမျိုးစုံ၏ ကုန်အညွှန်းအမှတ်အသားများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ မြို့နယ်စားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ဆီကိုယ်စားလှယ်များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၊ မြို့မဈေးအတွင်းရှိ စားသုံးဆီရောင်းချသည့်ဆိုင်များနှင့် ကျေးရွာများတွင် စားသုံးဆီထုတ်ပေးလျက်ရှိသည့် ကိုယ်စားလှယ်များ၏ ဆိုင်များသို့ (၁၆-၇-၂၀၂၆) ရက်နေ့ နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လစဉ်ကျင်းပလျက်ရှိသည့် Thursday Talk ဟောပြောဆွေးနွေး

(၁၇-၇-၂၀၂၆)ရက်နေ့ နံနက် ၁၁နာရီအချိန်တွင် မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦးစ စစ်ဆေးရေးအရာရှိနှင့် တာဝန်ရှိသူများသည် မြို့ပေါ်ရှိ အချိုရည်နှင့် အအေးမျိုးစုံ အရောင်းဆိုင်များသို့ ကွင်းဆင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှုများကို အချို

မအူပင်ခရိုင်အတွင်းရှိ ပန်းတနော်မြို့နယ်၌ (၁၇-၇-၂၀၂၆)ရက်နေ့က အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းဖြစ်ပေါ်နေမှုအခြေအနေများကို သိရှိနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဈေးများနှင့် လက်လီ/ လက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

