သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
02 Sep 2020

    တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် ၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၅ ရက်နေ့တွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးတို့နှင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၊ Shopping Center များတွင် စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

02 Sep 2020

           အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့် သတ်မှတ်ထုတ်ပြန်ထားသည့် Covid -19 ရောဂါကာကွယ်ရေးပစ္စည်းများ၊ ဆေးဝါးများ၊ စားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် သြဂုတ်လ ၂၅ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ  မုံရွာကုန်စည်ဒိုင် ဥက္ကဌနှင့် အဖွဲ့၊ တိုင်းဒေသကြီးရေသန့်အသင်းဥက္ကဌနှင့်အဖွဲ့၊ တိုင်းမုန့်လုပ်ငန်းရှင်အသင်း ဥက္ကဌနှင့်အဖွဲ့၊ တိုင်းဆီစက် အသင်းဥ

02 Sep 2020

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင် ဦးစီးမှူး စစ်ဆေးရေးအရာရှိ ဒေါ်ခင်မြတ်မူ ဦးဆောင်သောအဖွဲ့သည် ၂၅.၈.၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှှိိဆေးပစ္စည်းဆိုင်(၁၄)ဆိုင်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ နှင့်ပူးပေါင်း၍  ရှောင်တခင် စစ်ဆေးခဲ့ပါသည်။

02 Sep 2020

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ  စစ်ဆေးရေးအရာရှိ စစ်ကိုင်းမြို့နယ်တာဝန်ခံ ဦးခင်မောင်ဝင်း ဦးဆောင်သောအဖွဲ့သည် ၂၀.၈.၂၀၂၀ ရက်နေ့(၁၀:ဝ၀) နာရီတွင် ဆားတောင်မြို့မဈေး အတွင်း/အပြင်ရှိ ကုန်စုံဆိုင်များအား  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊နှင့်ပူးပေါင်း၍  ရှောင်တခင် စစ်ဆေးခဲ့သည်။

02 Sep 2020

         ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးအဖွဲ့သည် ၂၁.၈.၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များ၌ ပြည်တွင်းပြည်ပမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးရောင်းချနေသော အလှကုန်များတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရပါသည်။

Pages