သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
19 Jun 2026

          စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံသည် (၁၂.၆.၂၀၂၆)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနတာဝန်ခံရုံး၌ အ.ထ.က-၁ ကျောင်းမုန့်ဈေးတန်းအတွင်းရှိ မုန့်ရောင်းချသူ လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဆိုင်ရာအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

19 Jun 2026

         ၁၂.၆.၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေနော်သီရီ ခန်းမ၌ အလက(ခွဲ)ဆယ့်နှစ်ရွာ ကျောင်းမှ ကျောင်းသား/သူ (၁၀၀)ဦး၊ ဆရာ/မ (၂)ဦးတို့အား မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနတို့နှင့် အတူ စားသုံးသူအသိပညာပေးဟောပြောမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

19 Jun 2026

       ၁၃.၆.၂၀၂၆ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် မအူပင်ခရိုင်၊ မအူပင်မြို့နယ်နယ် စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံဖြိုးရေးသင်တန်းကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦး ဦးစီးအရာရှိမှ စားသုံးသူကာကွယ်ရေးဥပဒေနှင့် သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

19 Jun 2026

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်  မြို့ကွက်သစ်ရပ်ကွက်၊ ရန်ကုန်-ပုသိမ်ကား လမ်းမဘေးရှိ ပန်းစွယ်တော်သောက်ရေသန့်စက်ရုံကို သက်ဆိုင်ရာဌာနများဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ

Pages