သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၉-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အမှတ် (၁၂၁)၊ ရန်ပြေ (၉) လမ်း၊ သာကေတမြို့နယ်ရှိ ဇွဲမာန်ဆေးဆိုင်မှ ဆိုင်တာဝန်ခံနှင့်တွေ့ဆုံ၍ ဆေးဆိုင်အတွင်းရှိ ဆေးဝါးများစစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် တာဝန်ခံသည် မိတ်ဖက်ဌာနများ ပူးပေါင်း၍ ကျောင်းဖွင့်ရာသီတွင် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ စားသုံးသူအခွင့်အရေး ဗဟုသုတကြွယ်စေပြီး တောင်းဆိုတက်ရှိစေရန်နှင့် ဘေးအန္တရာယ်ကင်းသော ကုန်စည်နှင့် အစားအသောက်များ ရွေးချယ်ဝယ်ယူစားသောက်နိုင်ရေးအတွက် (၇.၁၀.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၃၀)အချိန်တွင် အသိပညာပေးဟောပြောခဲ့ပါသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဒဂုံမြို့သစ်ခရိုင်ရဲတပ်ဖွဲ့မှူး၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ အကောက်ခွန်ဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ဖြင့် ၈-၁၀-၂၀၂၄ ရက်နေ့တွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုန်(၁)၊ (၅) လမ်းရှိ တရုတ်ကြီး (ဆီဂိုဒေါင်)သို့ သွားရောက်ပူးပေါင်းကွင်းဆင်းခဲ့ကြောင်းသိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၇.၁၀.၂၀၂၄)နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် အင်္ဂပူမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့မ(မြောက်)ရှိ အခြေခံပညာ မူလတန်း(လွန်)ကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၁၃၁ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးသည်(၇.၁၀.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀) အချိန်တွင် အေးမင်္ဂလာလမ်း၊ မြို့မရပ်၊ မြို့ဦးအုပ်စုရှိ “နေခြည်ဝင်း” ထမင်းသုပ်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
