သတင်းနှင့် လှုပ်ရှားမှုများ
၇.၁၀.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် အကောက်ခွန်ဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပူးပေါင်း၍ မော်လမြိုင်မြို့၊ ကျွဲခြံကုန်းရပ်ကွက်၊ မော်လမြိုင်- ကျိုက်မရောလမ်းရှိ ဟင်္သာအဝိုင်း စစ်ဆေးရေးဂိတ်၌ Zone(အဖြူရောင်) မော်တော်ယာဉ်အား မသင်္ကာ၍ ဖွင့်ဖောက်စစ်ဆေးရာ ပုဇွန်နှစ်ကောင်တံဆိပ်စားဆီ (၅ လီတာ x ၄ ဗူး) (၁၆၅) ဖာ၊ ပုဇွန်နှစ်ကောင်တံဆိပ်စားဆီ (၁ လီတာ x ၁၂ ဗူး) ပါ (၂၃၀)

၇.၁၀.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မော်လမြိုင်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးဈေးနှုန်းများမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းရှိ/ မရှိ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

၉.၁၀.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မော်လမြိုင်မြို့နယ်၊ ဖက်ခင်းရပ်ကွက်ရှိ K-Mart Super Market ရှိ ငရုတ်ဆီနှင့်အချဉ်ရည်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

၈.၁၀.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ဈေးကြိုရပ်ကွက်ရှိ ဝံဈေးစင်တာသို့ သွားရောက်၍ ငရုတ်ဆီနှင့်အချဉ်ရည် အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ မြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ဆက်၊ အားကာဌာနတို့နှင့် ပူးပေါင်း၍ ၄.၁၀.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လင်သတ်ကွင်း အ.လ.ကကျောင်းတွင် ကျောင်းသား/သူ (၁၅၂) ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။
