သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Nov 2024

     ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ (စစ်ဆေးရေးအရာရှိ) ဦးသိန်းမောင်သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဒေးဒရဲမြို့မဈေးကြီးအတွင်း ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်၊ ကြာဇံထုပ်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

06 Nov 2024

              စားသုံးသူအများစုသုံးစွဲနေသည့် ကုန်စည်ဖြစ်ခြင်း၊ အလွယ်တကူဝယ်ယူနိုင်သည့်ကုန်စည်ဖြစ်သော အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးတို့အား စားသုံးသည့်လူအများစု ဘေးအန္တရာယ်မရှိစေရန် ၂၄.၁၀.၂၀၂၄ ရက်နေ့တွင် ကမာရွတ်ခရိုင်၊ ဆင်မလိုက်ဈေးနှင့် လှိုင်မြို့နယ်၊ အုတ်ကျင်းဈေးတို့တွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ MAMEE (ကြက်သားဆီချက်)၊ ယမ်ယမ်(ပုဇွန်ချဉ်စပ်)၊ Wah Lah (မာလာ မောက်ချိုက်)၊ ဟဲပီးတံဆိပ်အသင့်စားခေါက်ဆွဲ၊ မာမားခေါက်ဆွဲ၊ OMG (ရှူးရှဲမာလာရှမ်းကော)၊ Xcite (ပုဇွန်ချဉ်စပ်)၊ Wah Lah (မလိုင်

06 Nov 2024

     ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြိုနယ်တာဝန်ခံ(စစ်ဆေးရေးအရာရှိ) ဦးမိုးမင်သန်းနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂၈) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီ အချိန်တွင် ဈေးကွက်အတွင်း ရောင်းချနေသော ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

06 Nov 2024

    ဖျာပုံခရိုင်၊ ဒေးဒရဲ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်တာဝန်ခံ (စစ်ဆေးရေးအရာရှိ) ဦးသိန်းမောင်သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၈) ရက်နေ့ ၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ်၊ ထောင်မှူးချောင်ကျေးရွာရှိ “အောင်ကျော်ဈာန်” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

06 Nov 2024

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၂၈)ရက်နေ့၊နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ဖျာပုံခရိုင်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့နှင့် ခရိုင်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၊စားသုံးဆီ အရောင်းကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး၍ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages