သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Jan 2023

          မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး၊ မကွေးမြို့နယ် တာဝန်ခံတို့သည် စက်သုံးဆီဆိုင်များအား စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချမှု ရှိ/မရှိ နေ့စဉ် စိစစ်ကြပ်မတ်

23 Jan 2023

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၈-၁-၂၀၂၃)ရက်နေ့ နံနက်(၁၀:၃၀) နာရီက မော်ကျွန်းမြို့နယ် ကွမ်းခြံချောင်း အ - ထ - က(ခွဲ)ကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

23 Jan 2023

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ဦးစီးမှူး ဦးလှထွဋ်ဦးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍  (၁၇ - ၁ - ၂၀၂၃)ရက်နေ့ နံနက် (၁၀:၃၀)နာရီက မြောင်းမြမြို့နယ်၊ အ - ထ - က သိလ္လာကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

23 Jan 2023

    မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဇန်နဝါရီလ (၁၇)ရက် နေ့တွင် ပြင်ဦးလွင်မြို့နယ်၊ကြီးကိုင်ကျေးရွာ၌ ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အိမ်တွင်း လျှပ်စစ် သွယ်တန်းမှုနည်းပညာပေးသင်တန်း တွင်စားသုံးသူကာကွယ်ရေး ဆိုင်ရာအသိပညာပေးဆွေးနွေးခဲ့ပါသည်။ပြင်ဦးလွင်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနခရိုင်ဦးစီးမှူး ဦးသက်လွင်ထူးက ၂၀၁၉ခုနှစ်၊မတ်လ ကစတင်ပြဌာန်းလိုက်သော စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုရယူ သုံးစွဲသောပြည်သူမျာ

23 Jan 2023

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်မှူး ဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများသည် ၁၁-၁-၂၀၂၃ ရက်နေ့၊ နံနက် (၁၁:ဝဝ) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည့်စုံဈေးနှင့် မင်္ဂလာဈေးရှိ ဆေးဝါးများရောင်းချလျက်ရှိသော ဆေးဆိုင်များသို့သွားရောက်၍ Diclon-M Tablet ပုံစံတူဆေးဝါးများရောင်းချခြင်း ရှိ/မရှိ ကိုအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ ဈေးတာဝန်ခံများနှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

Pages