သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
31 Jan 2023

     ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်းတို့သည် (၂၄.၁.၂၀၂၃)ရက်နေ့၊နံနက်(၁၁:၀၀)နာရီမှ(၁၂:၀၀)နာရီအထိ ဘုရားလေးကွင်း ကျေးရွာရှိ ဦးကျော်လွင်အုန်းဆံကြိုးစက်ပိုင်ရှင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

31 Jan 2023

      ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၂၃)ရက်နေ့၊နံနက်(၁၀:၃၀)နာရီအချိန်တွင် နတ်ချောင်း(အ-မ-က)ကျောင်းရှိ ဆရာ/ဆရာမနှင့်ကျောင်းသူ/ကျောင်းသားများကို စားသုံးသူကာ ကွယ်ရေးအသိပညာပေးဟောပြောပွဲကိုကျင်းပြုလုပ်ခဲ့ပါသည်။

31 Jan 2023

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံ နှင့်ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ၊ (၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကိုစားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောခဲ့ပါသည်။

31 Jan 2023

         ဟုမ္မလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်း (လ/ထကြီးကြပ်ရေးမှူး)သည် (၂၅.၁.၂၀၂၃)ရက်နေ့တွင် နောင်ပကျစ်ရပ်ကွက်ရှိ “သလ္လာဉီး” မုန့်မျိုးစုံပြုလုပ်ရောင်းချသော လုပ်ငန်းရှင် ဉီးညီညီထွေးအား စားသုံးသူ၏ အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များအား သိရှိစေရန်တွေ့ဆုံ ဆွေးနွေးအသိပညာပေးခဲ့ပါသည်။

31 Jan 2023

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် တာဝန်ခံသည် (၂၅.၁.၂၀၂၃)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်ရှိ စတိုးဆိုင်များနှင့်ကုန်မျိုးစုံအရောင်း ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

Pages