ပြည်တွင်းကုန်သွယ်မှုသတင်းများ
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ၊ ရေတာရှည်မြို့နယ်တာဝန်ခံတို့နှင့်အတူ မတ်လ ၂၀ ရက်နေ့က ရေတာရှည်မြို့နယ်အတွင်း သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများရောင်းချနေမှုကို ကြပ်မတ် စစ်ဆေးခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် Online စနစ်ဖြင့် အရောင်းဝယ်ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။ မတ်လ စတုတ္တပတ်တွင် ဖြစ်ပေါ်နေသော ပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ် ၃၅၀၀၀၊ ပဲစဉ်းငုံ တစ်တင်းကျပ် ၄၄၀၀၀၊ မတ်ပဲ တစ်တင်းကျပ် ၄၄၂၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းကျပ် ၄၁၀၀၀၊ က

တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာရှိ ရွာသူ/ရွာသားများသည် လယ်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသော်လည်း တစ်ဖက်တစ်လမ်းတွင် အပိုဝင်ငွေရရှိရန်အတွက် တပိုင်တနိုင်ဝါးခမောက် လုပ်ငန်းအား လုပ်ကိုင်ကြကြောင်း သိရှိရပါသည်။
မတ်လ တတိယပတ်တွင် မုံရွာဈေးကွက်သို့ (နွေ) ကြက်သွန်နီအသစ်များ ဝင်ရောက်မှုရှိနေပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကျွဲရဲ၊ ကျောက်စစ်ပုံ၊ နဘူးတော၊ စုန်းချောင်းတို့မှ ပိဿာ (၃၀)ဝင်အိတ် ၂၀၀ခန့် ရက်ခြား အဝင် ရှိသည်။

စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် ကသစ်တိုင်းကျေးရွာအုပ်စု၊ ဆည်ကြီးကုန်းကျေးရွာသို့ သွားရောက်၍ ဒန့်ဒလွန်(အိန္ဒိယမျိုး) စိုက်ပျိုးထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက် အခြေအနေတို့အား သိရှိနိုင်ရန် ကွင်းဆင်း လေ့လာခဲ့ပါသည်။
