ကုန်သွယ်မှုသတင်းများ
အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၂၈.၄.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၄.၅.၂၀၂၂) ရက်နေ့ အတွင်း နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းနက်(စမုံ)၊ နှမ်းပြာတို့မှာ ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ ပဲမျိုးစုံဈေးကွက်တွင် ပဲစဉ်းငုံ(နီ) ယခင်အပတ်(၄၂၀၀ဝိ/-) ယခုအပတ်(၄၂၈၀ဝိ/-)(၈၀ဝိ/-) ဈေးမြင့်၊ ကုလားပဲ(HL) ယခင်အပတ်(၄၄၅၀ဝိ/-) ယခုအပတ်(၄၄၃၀ဝိ/-) (၂၀ဝိ/-)ဈေးလျော့၊ ကုလားပဲ(မြကြေး) ယခင်အပတ် (၄၄၈၀ဝိ/-) ယခုအပတ်(၄၅၃၀ဝိ/-) (၅၀ဝိ/-)ဈေးမြင့်၊ ပဲကြီး ယခင်အပတ်(၆၃၀၀ဝိ/-) ယခုအပတ်(၆၄၀ဝဝိ/-) (၁၀၀ဝိ/

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဒေါ်ဝါဝါကြည်သည် (၄.၅.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတတ်စေရေးအတွက် ပခုက္ကူမြို့နယ်၊ မြင်ဝင်းကျေးရွာ စိုက်တောင်သူ ဦးထွန်းဇော်ဝင်းအား ဆေးရွက်ကြီး စိုက်ပျိုးထွက်ရှိမှု အခြေအနေကို ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။
ဆိပ်ဖြူမြို့အနောက်ပိုင်းရပ်ကွက်ရှိ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဧပြီလ(၁၈)ရက်မှ(၃၀)ရက်အတွင်း ကြက်သွန်နီ ဆောင်းစိုက်ပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ် ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန် ပိဿာ (၃)သောင်းခန့် (၂)ပတ်အတွင်း စုစုပေါင်းပိဿာ (၄)သိန်းဝန်းကျင်ခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တာဝန်ခံ ဦးမြတ်မင်းနှင့် ပခုက္ကူခရိုင်ရုံးမှ ဒေါ်ကြည်ကြည်စိုး တို့သည် (၃.၅.၂၀၂၂)ရက်နေ့၊ နေ့လည် (၁:၃၀)နာရီ အချိန်တွင် ကျေးရွာတစ်ရွာ၊ ထုတ်ကုန်တစ်မျိုးထုတ်လုပ်မှုနှင့် ပြည်တွင်းကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ရေစကြို မြို့နယ်၊ပခန်းကြီးကျေးရွာအုပ်စု၊ သက်ရွာကျေးရွာရှိ အိုးထုတ်လုပ်နေသည့် လုပ်ငန်းရှင် ဦးဆင်နှင့် တွေ့ဆုံပြီး အိုးထုတ်လုပ်ရောင်းဝယ်မှုအခြေအနေနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ပါသည်။<

အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဧပြီလ (၂၉)ရက်နေ့မှ မေလ (၅)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး
