ကုန်သွယ်မှုသတင်းများ
ဂွမြို့နယ်သည် ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံးတွင် ကျရောက်သောမြို့တစ်မြို့ဖြစ်ပြီး သံတွဲခရိုင်အတွင်းတည်ရှိပါသည်။ ဧရာဝတီတိုင်းနှင့် နယ်မြေချင်းထိစပ်နေသော ပင်လယ်ကမ်းရိုးတန်းမြို့ဖြစ်ပြီး အလွန်သာယာလှပသော ကမ်းသာယာကမ်းခြေနှင့် ဂွမြို့နယ်၏ ထူးခြားလှပသော နာမည်ကျော် ဂွကျွန်းအလှကိုလည်း ရင်သပ်ရှုမောဖွယ်တွေ့မြင်ရမည် ဖြစ်ပါသည်။ လူဦးရေ (၆)သောင်းကျော်ခန့်နေထိုင်ပြီး ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ ဂွမြို့နယ်မှ သစ်၊ ဝါး၊ မျှင်ငပိ၊ ငါးခြော

နိုင်ငံတော်အနေဖြင့် ပြည်သူများကျန်းမာရေးရှု့ထောင့်အရ ဆီစားသုံးမှုလျှော့ချနိုင်ရေး၊ ပြည်တွင်း၌ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ စားသုံးဆီထုတ်လုပ်မှုတိုးတက်စေရေးနှင့် ထုတ်လုပ်သည့်စားသုံးဆီများ ဈေးကွက်ဝေစုပိုမိုရရှိ လာစေရေး၊ ပြည်တွင်းဆီစက်လုပ်ငန်းများ၊ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ အလုပ်အကိုင်အခွင့် အလမ်းများတိုးပွားလာစေရေး၊ ဆီထွက်သီးနှံကဏ္ဍ(Supply Chain)တစ်လျှောက်ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ၊သီရိမင်္ဂလာဈေးတွင် မေလ (၃) ရက်နေ့မှ မေလ (၁၀) ရက်နေ့ အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ရေးမြို့မှ ဒူးရင်းသီး အလုံးကြီး ၁လုံးလျှင် ကျပ် ၁၁၀၀၀ မှ ၇၀၀၀၊ အလုံးလတ် ၁လုံးလျှင် ကျပ် ၆၀၀၀ မှ ၅၀၀၀ ၊ အလုံးသေး ၁လုံးလျှင် ကျပ် ၄၀၀၀ မှ ၃၀၀၀၊ ဖျာပုံမှ နှင်းသီး အလုံး ၁၇၀ ပါ ၁ခြင်းလျှင် ကျပ် ၇၀၀၀၊ ကျိုက်ကော် မှ နာနတ်သီး အလုံးကြီး ၁လုံးလျှင် ကျပ် ၁၀၀၀ မှ ၈၀၀၊ အလုံးလတ် ၁လုံးလျှင် ကျပ် ၆၀၀ မှ ၅၀၀ ၊ အလုံးသေး ၁လုံးလျှင် ကျပ် ၄၀၀၊ ဝမ
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ မိမိခရိုင်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ 9.5.2022 ရက်နေ့တွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ရည်ညွှန်းထားသည့် လက်လီဈေးနှုန်းများနှင့် မြေပြင် လက်ရှိဈေးနှုန်းများ တူညီမှု ရှိ/မရှိ၊ လိုသလောက်ရောင်းချပေးနိုင်ခြင်း ရှိ/မရှိ၊ စက်သုံးဆီလုံလောက်မှု ရှိ/မရှိနှင့် ဆီကန်လက်ကျန် ကျန်ရှိမှုအခြေအနေတို့ကို သိရှိနိုင်ရန် ဈေးကွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ၂၀၂၂ ခုနှစ်တွင် နွေစပါး စိုက်ဧက ၃၇၂၅၃ ဧက စိုက်ပျိုးခဲ့ပြီး၊ ဧပြီလကုန် မေလဆန်းတွင် နွေစပါးများ စတင်ထွက်ရှိလာကာ ဈေးကွက်ဝင်ရောက်လာပါသည်။ နွေစပါးကို GW 11၊ ပခန်းရွှေဝါ၊ ဆင်းသုခ၊ မနောသုခ၊ မှော်ဘီ (၃)၊ သီးထပ်ရင်၊ ထိုင်း (၉၀) မျိုးများကို စိုက်ပျိုးကြပြီး၊ တစ်ဧက ပျမ်းမျှ တင်း(၉၀) နှုန်းထွက်ရှိပြီး၊ ပေါင် (၅၀) တင်းတရာ လျှင် စက်အရောက် ၇၆၀၀၀၀ ကျပ်မှ ၈၀၀၀၀၀ ကျပ်ဈေးရလျက်ရှိပြီး တောင်သူတို့ဈေးကောင်းရလျက် ရှိပါသည်။ နွေဆန် ဆင်းသုခ ၁၀၈ ပေ
