ကုန်သွယ်မှုသတင်းများ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၇.၅.၂၀၂၂ ရက်နေ့ နေ့လည်ပိုင်းတွင် ကျိုက်ထိုမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ ဒူးရင်းသီးရောင်းချလျက်ရှိသော ဈေးဆိုင်တန်းများသို့ သွားရောက်၍ ဒူးရင်းသီးရောင်းဝယ်ဖောက်ကားမှု၊ ဈေးနှုန်း၊ ဈေးကွက် အခြေအနေများအား စုံစမ်းမေးမြန်းခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

မော်လမြိုင်မြို့၌ ယခု မေလ တတိယအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင် (အနီ)တစ်အိတ်လျှင် ကျပ် ၉၈၀၀၊ ဆင် (ထိုင်း) တစ်အိတ်လျှင် ကျပ် ၁၁၅၀၀၊ ကြံ့တံဆိပ် (အဝါ) တစ်အိတ်လျှင် ကျပ် ၉၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓါတ်မြေသြဇာမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။
သုညရာခိုင်နှုန်းဖြင့်မေလမှဇူလိုင်လအထိပြောင်းတင်သွင်းခွင့်ပေး
ကွမ်းသီးနှင့် သီဟိုများသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း ( ၂ ) မျိုးရှိကြောင်း သိရှိရပါသည်။
ပခုက္ကူခရိုင်အတွင်း ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်သော ရေစကြို ၊ ပေါက်၊ ရေပြာ၊ ယောနယ်၊ ကမ္မနှင့်ဆိပ်ဖြူဒေသများမှ ဆောင်းစိုက်(ပင်စိုက်)များ လှိုင်လှိုင်ပေါ်ထွက်နေပြီး စစ်ကိုင်းတိုင်းဒေသကြီး ပုလဲ၊ မွှေ့ခါရွာမှ ကြက်သွန်နီများလည်းဝင်ရောက် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။
