ကုန်သွယ်မှုသတင်းများ

Powered by Drupal
31 May 2022

           ပဲခူးတိုင်းဒေသကြီး၊ပြည်ဈေးကွက်သို့ ရှမ်းပြည်ဘက်မှ ရှမ်းအာလူးနှင့် မန္တလေးဘက်မှ တရုတ်အာလူးများ မေလတတိယပတ်အတွင်း အိတ် ၁၀၀-၁၅၀ ခန့်သာ အဝင်ရှိကြောင်း သိရှိရပါသည်။ အရောင်း အဝယ်အနေဖြင့် ပြည်ခရိုင်ရှိ မြို့နယ်များမှ ဝယ်ယူသူများ၊ ပြည်မြို့ပေါ်ရှိ လုပ်ငန်းရှင်များနှင့် လက်လီဝယ်ယူသူများဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

31 May 2022

ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သောကုန်စည်စာရင်းသတ်မှတ်

30 May 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (25.5.2022) ရက်နေ့တွင် ကျောက်မဲမြို့၊ ရပ်ကွက်(7)၊ မြောက်ကုန်းရပ်ရှိ ရောင်းအားကောင်းနေသော "ရွက်နုဝေ” အမှတ်တံဆိပ် အာလူးကြော်နှင့် အသားတုကြော်လုပ်ငန်းသို့ သွားရောက်၍ စားသောက်ကုန်လုပ်ငန်းရှင်ဖြစ်သည့် မပိုးအိမ်စည်နှင့် တွေ့ဆုံပြီး ထုတ်လုပ်ရောင်းချ နေမှုများကို လေ့လာကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

30 May 2022

            ပြည်ကြက်သွန်နီဈေးကွက်သို့ ဆိပ်ဖြူ၊ တောင်တွင်း၊ အောင်လံဘက်မှ ကြက်သွန်နီများ ယခုတစ်ပတ်တွင် ပိဿာ(၃၀)ဝင်အိတ် ၄၅၀ခန့် အဝင်ရှိနေပြီး အရောင်းအဝယ်အနေဖြင့် ပြည်ပွဲရုံ ဈေးကွက်အတွင်း ကဆုန်လပြည့်အလှူအတန်းများကြောင့် အရောင်းအဝယ်သွက်ခဲ့ပြီး ယခုလပြည့် ကျော်နောက်ပိုင်းကာလများတွင် အရောင်းအဝယ်အေးလျက်ရှိပြီး ပြည်ဈေးကွက်မှ သာယာဝတီခရိုင်သို့ လည်းကောင်း၊ ပန်းတောင်း ဥသျှစ်ပင်သို့လည်းကောင်း၊ ဧရာဝတီတိုင်း ကြံခင်းဘက် သို့လည်းကောင်း စျေးကွက်စီးဆင်းမှုများလည်းရှိနေပါသည်။ ဈေးနှုန်းမှာ ယခင်အ

30 May 2022

        ပဲခူးတိုင်းဒေသကြီး၊ပြည်ချင်းပွဲရုံများသို့ မေလပထမပတ်တွင် ချင်းအိတ် ၂၀၀/၃၀၀ ခန့် အဝင်ရှိသည့်အတွက်  ချင်းလှောင်လက်သမားများနှင့်  ပွဲစားများ အရောင်းအဝယ်ဖြစ်လျက်ရှိနေပြီး ချင်းဈေးများမှာ  (ပွဲရုံဈေး) တစ်ပိဿာလျှင် ၉၀၀/၁၀၀၀ကျပ် ဖြစ်ပြီး လက်လီဈေးများမှာ  ၁၅၀၀/၁၈၀၀ကျပ် ဈေးဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။ ယခင်လထက် ချင်းတစ်ပိဿာ ပေါက်စျေးပေါ်  ၂၀၀/၃၀၀ကျပ် ဈေးကျလာသည်ကို တွေ့ရှိရပါသည်။ ဒါးလှီးချင်း(ဖတ်) တစ်ပိဿာလျှင် ၁၇၀၀ကျပ်တို့ဖြင့် ရောင်းချလျက်ရှိနေပါသည်။

Pages