ကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Jun 2022

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ယခုဇွန်လပထမပတ်မှစ၍ မိုးစပါးသဏ္ဍာန်ကျဲခင်းများ စတင်စိုက်ပျိုးနေပြီဖြစ်ပါသည်။ ထိုသို့မိုးစပါးသဏ္ဍာန်ကျဲခင်းစိုက်ခင်းစိုက်ပျိုးနေသော သဲကုန်းမြို့နယ်၊ ညောင်ဝန်းအုပ်စု၊ ညောင်ဝန်းကျေးရွာသို့ (၈.၆.၂၀၂၂)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သဲကုန်းမြို့နယ်တာဝန်ခံ ဦးခင်မောင်ထွန်းနှင့်ဝန်ထမ်းများသည် သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

21 Jun 2022

               ပြည်ပဲဈေးကွက်တွင်  ပဲမျိုးစုံသီးနှံများထဲမှ ပြည်ပဝယ်လိုအားရှိသောပဲများ ဈေးနှုန်းမြင့် တက်လာသလို ပြည်တွင်းလက်လီ အရောင်းအဝယ်ဖြစ်တဲ့ ပဲများလည်း ဈေးကောင်းရလျှက် ရှိနေခဲ့ကြောင်းသိရှိရပါသည်။  ပဲနီပြားနှင့် စားတော်ပဲသီးနှံမှာ လက်လီပဲဈေးကွက်တွင် ဈေးကောင်းရနေ တာကြောင့် ပဲနီပြားတစ်တင်း ၅၁၀၀၀ကျပ်၊ စားတော်ပဲတစ်တင်း ၉၀၀၀၀ကျပ် တို့ဖြင့် အသီးသီး ရောင်းဝယ်နေခဲ့ကြပါသည်။ လက်လီသာ အရောင်းအဝယ်ဖြစ်ပြီး တစ်ရက်အိတ် ၂၀/၃၀ ခန့် စားတော်ပဲသီးနှံရောင်းဝယ်မှုဖြစ်သလို ၊ ပဲနီပြားသီးနှံကတော့

21 Jun 2022

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွှေဘိုခရိုင်အတွင်း ဖြစ်ပေါ်နေသော စပါး၊ ဆန်ဈေးနှုန်း၊ ဈေးကွက်၊ လက်ကျန်နှင့် စီးဝင်၊ စီးထွက်မှုအခြေအနေများကို  အပတ်စဉ် တင်ပြလျှက်ရှိပါသည်။

21 Jun 2022

        ယခုတစ်ပတ် ပခုက္ကူ ကြက်သွန်နီကုန်စည်ဒိုင်တွင်  ကြက်သွန်နီဈေးမှာ တစ်ဖြည်းဖြည်း ဈေးနှုန်းမှာ မြင့်တက်လျက်ရှိနေပါသည်။ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ပခုက္ကူကျွန်းမှဆောင်းစိုက်များ လှိုင်လှိုင်ထွက်ရှိနေပါသည်။  ဇွန်လပထမပတ်အတွင်း ကြက်သွန်နီလက်ကားဈေးနှုန်းမှာ   အရည်အသွေးကိုလိုက်၍ ထိပ်စတစ်ပိဿာလျှင် ၁၈၀၀ ကျပ်၊ အလတ်စတစ်ပိဿာလျှင် ၁၅၀၀ကျပ် ၊ အနိမ့်စတစ်ပိဿာလျှင် ၁၂၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး နေ့စဉ်ကုန်ချိန် ၅၀၀၀၀ မှ ၁၀၀၀၀၀ ကျော်ထိ အရောင်းအဝယ်

21 Jun 2022

        အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၉.၆.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၁၅.6.၂၀၂၂) ရက်နေ့အတွင်း နှမ်းနက်(စမုံ)(၄၅ပိဿာ) ယခင်အပတ်(၁၇၅၀၀ဝိ/-) ယခုအပတ်(၁၇၅၀၀ဝိ/-)၊ နှမ်းပြာ ယခင်အပတ် (၁၆၀၀၀ဝိ/-) ယခုအပတ် (၁၆၀၀၀ဝိ/-)၊ နှမ်းဖြူ ယခင်အပတ်(၁၆၅၀၀ဝိ/-)  ယခုအပတ်(၁၆၅၀၀ဝိ/-)၊ နှမ်းနီ ယခင်အပတ်(၁၆၅၀၀ဝိ/-) ယခုအပတ် (၁၆၅၀၀ဝိ/-)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း းသိရှိရပါသည်။

Pages