ကုန်သွယ်မှုသတင်းများ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကြက်သွန်နီစိုက်ဧက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် (၂၇၉၇၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ စိုက်ဧကအားလုံး ရိတ်သိမ်းပြီးဖြစ်ပါသည်။ ဆောင်းကြက်သွန်နီများကို စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးပြီး အစောဆုံးပေါ်သော ဆောင်းကြက်သွန်နီများမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် စတင်ထွက်ရှိခဲ့ပြီး ဖေဖော်ဝါရီလတွင် စိုက်ဧကများအားလုံးနီးပါး ရိတ်သိမ်းပြီးဖြစ်ပါသည်။ ကြက်သွန်ပေါ်ဦးပေါ်စတွင် တောင်သူများအနေဖြင့် တစ်ပိဿာလျှင် (၄၀၀/-)ကျပ်မှ (၅၀၀/)ကျပ်အထိသာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသည် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို အဓိကထားစိုက်ပျိုးကြပြီး၊ ၄င်းသီးနှံများအနက်မှ ပဲတီစိမ်း(မိုးကြို/မိုး)ကိုလည်း အများအပြားစိုက်ပျိုးလျှက်ရှိကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ယခင်(၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်တွင် (၄၃၁၉၄)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်တွင် (၂၅၆၈၀)ဧက စိုက်ပျိုးကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် သွင်းအားစုစရိတ်များ မြှင့်တက်နေမှုကြောင့် ယခင်နှစ်ထက် လျော့နည်းစိုက်ပျိုးပြီး ပဲတီစိမ်း(မိုးကြို/မို

မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေး အလေးထားဆောင်ရွက်လျက်ရှိရာ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ရေဦးအုပ်စု၊ ရေဦးကျေးရွာမှ လယ်ယာမြေများတွင် ၂၀၂၂ခုနှစ် မေလဆန်းမှစ၍ မိုးဦးမိုးဖြင့် စိုက်ပျိုးခဲ့ သည့် မိုးနှမ်းနှင့် နေကြာသီးညှပ် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရပါသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၇)စုမှ ကျေးရွာစုစုပေါင်း(၁၈၀)ရွာ၌ စပါးစိုက်တောင်သူများ၏ နွေစပါးများစတင်ရိတ်သိမ်းလျှက်ရှိကြောင်း သိရပါသည်။မြို့သစ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ် စပါးစိုက်ဧက (၁၁၆၂၀)ဧက လျာထားလျှက်ရှိသော်လည်း စိုက်ဧက(၆၁၁၂)ဧကခန့် စိုက်ပျိုးခဲ့ပြီး စိုက်ဧကအပြည့်အဝ စိုက်ပျိုးနိုင်ခြင်းမရှိသေးကြောင်း သိရပါသည်။