ကုန်သွယ်မှုသတင်းများ
မော်လမြိုင်မြို့၌ ယခုစက်တင်ဘာလဒုတိယအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရပါသည်။ ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေ သောဈေးမှာ ကြံ့နှစ်ကောင်(အနီ) ကျပ် ၉၆၀၀၊ ဆင်(ထိုင်း) ကျပ် ၁၄၅၀၀၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၉၃၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးမှာ သယ်ယူခနှုန်းထားမြင့်မားလာမှုကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး အရောင်းအဝယ် အေးနေ ကြောင်းသိရှိရသည်။

မွန်ပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးပြီးစီးနေကြပြီးဖြစ်ပါသည်။ မိုးစပါးများစိုက်ပျိုးကြရာတွင် ယခင်နှစ်က (၆၁၈၃၇၆) ဧကစိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် (၆၅၉၆၅၈) ဧက စိုက်ပျိုးနိုင်ခဲ့ရာ ယခင်နှစ်ထက် (၄၁၂၈၂) ဧက ပိုမိုစိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။ စိုက်ပျိုးသည့် မျိုးများမှာ ဆင်းသွယ်လတ်၊ ဆင်းသုခ၊ မနောသုခ၊ သီးထပ်ရင်၊ ဧည့်မထ(ကောင်း)၊ မှော်ဘီ-၂၊ ကျော်ဇေယျ၊ ဧရာမင်း၊ ရွှေဝါထွန်း၊ ရွှေတဆုပ်မျိုးများကို အဓိကထား စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဩဂုတ်လ (စတုတ္ထ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်လျက် ရှိပါသည်။ တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီကုန်ချိန်ပိဿာ(၂)သောင်းခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာ ပျမ်းမျှ(၁)ပတ်အတွင်း ကုန်ချိန် (၄)သိန်းခွဲခန့် ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ဩဂ
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၁.၉.၂၀၂၂)နှင့် ယခုအပတ် (၇.၉.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူ (၄၅)ပိဿာတစ်အိတ်လျှင် ယခင်အပတ် (၂၃၅၀၀ဝိ/-)ယခု အပတ်(၂၅၀၀၀ဝိ/-)ဖြစ်၍ (၁၅၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ပြီး၊ နှမ်းနီ ယခင်အပတ် (၂၃၅၀၀ဝိ/-)ယခုအပတ် (၂၄၅၀၀ဝိ/-)ဖြစ်၍ (၁၀၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ပြီး၊နှမ်းနက်(စမုံ) ယခင်အပတ် (၂၇၅၀၀ဝိ/-)ယခုအပတ် (၂၈၀၀၀ဝိ/-)ဖြစ်၍ (၅၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ပြီး၊ နှမ်းပြာ ယခင်အပတ်(၂၃၀၀၀ဝိ/-)ယခုအပတ်(၂၄၅၀၀ဝိ/-) ဖြစ်၍ (၁၅၀၀ဝိ/-)အသီးသီးဈေးမြင့်တက
မြန်မာလူမျိုးတို့အတွက် ထမင်းမြိန်စေပြီး ကျန်းမာရေးအတွက်အထောက်အကူပြုသည့် ဝါရုံမှိုများကို ဝါခေါင်၊ တော်သလင်းလများတွင် နှစ်စဉ်ပေါက်ရောက်လျက်ရှိပါသည်။ ဝါးရုံတော အတွင်းမှ ဝါးငုတ်အဟောင်း၊ အဆွေးများတွင် ပေါက်ရောက်လျက်ရှိရာ ဝါးရုံမှိုများကို အခြောက်လှန်းခြင်း၊ မှိုချဉ်ထည့်စားသုံးခြင်း၊ ဟင်းချက်စားသုံးခြင်းဟူ၍ အမျိုးမျိုးပြုလုပ်၍ ရောင်းဝယ် ဖောက်ကား စားသုံးလျက်ရှိကြပါသည်။