ကုန်သွယ်မှုသတင်းများ

Powered by Drupal
13 Oct 2022

        တောင်ငူခရိုင်အတွင်းရှိ တောင်ငူ၊ ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်းနှင့် ဖြူးမြို့နယ် (၅)ခုတို့တွင် မိုးစပါး ၄၅၂၁၇၀ ဧက စိုက်ပျိုးထားရှိရာ ယခုအခါ စတင် ရိတ်သိမ်းနေပြီဖြစ်ပါသည်။

        ပြီးခဲ့သည့် ရက်များက မုန်တိုင်းအရှိန်ကြောင့် မိုးများ အဆက်မပြတ်ရွာသွန်းနေသဖြင့်  ရိတ်ခြွေစက်များမှ ထွက်ရှိလာသော စပါးများကို လယ်ကွင်းပြင်တွင် နေလှန်းရန် အခက်အခဲရှိခြင်းကြောင့် ဆန်စက်များမှ ဝယ်ယူပြီးအခြောက်ခံခြင်းဖြစ်ပါသည်။

13 Oct 2022

       တောင်ငူမြို့ အမှတ်(၁၄)ရပ်ကွက်၊ ဦးစက်ဝန်းလမ်းရှိ ထက်အောင်လင်း ငှက်ပျောခြောက် လုပ်ငန်းတွင် ငှက်ပျောခြောက်အတွက်လိုအပ်သောကုန်ကြမ်းများကို တောင်ငူမြို့ အရှေ့ဘက် တောင်ပေါ်ဒေသဖြစ်သော ကရင်ပြည်နယ် သံတောင်မြို့နယ်မှ အခြောက်လှန်းပြီးသား ငှက်ပျောသီးများနှင့် မလှန်းရသေးသော ငှက်ပျောအစို နှစ်မျိုးလုံးအား ဝယ်ယူသော်လည်း ယခုကဲ့သို့ မိုးရာသီ ကာလများတွင် အခြောက်လှန်းပြီးသား ငှက်ပျောသီးများကိုသာ ဝယ်ယူပါသည်။ ငှက်ပျောခြောက် ပြုလုပ်ရာတွင် နေလှန်းပြီးသောငှက်ပျောခြောက်များအား ပျားရည်၊ ပဲဆီတို

13 Oct 2022

     မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံ ဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့၊နံနက် (၀၉း၀၀) အချိန်တွင်သာစည်မြို့၊ အ.ထ.ကမယ်ဇလီကန်ကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

13 Oct 2022

       ၂၀၂၂ခုနှစ် အောက်တိုဘာလ ပထမပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၃၆၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၂၈၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၃၈၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၃၅၀၀ကျပ်၊ (သေး)တစ်ပိဿာ ၃၂၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ချင်းတစ်

13 Oct 2022

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင်စတင်ပြန်လည်လည်ပတ်ခဲ့ကြောင်းသိရပါသည်။ အောက်တိုဘာလ ပထမပတ်တွင်  ဖြစ်ပေါ်နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ်၄၅၀၀၀၊ ပဲစဉ်းငုံတစ်တင်းကျပ် ၆၂၅၀၀၊ မတ်ပဲ တစ်တင်းကျပ် ၅၉၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ကျပ် ၅၈၀၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၆၀၀၀၀၊ ကုလားပဲ V2 တစ်တင်းကျပ် ၆၂၀၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၆၂၅၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသ

Pages