ကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Oct 2022

         မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် မိုးစပါးစိုက်ဧက(၁၄၃၇၉၆)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ မိုးရေ၊မြစ်ရေ၊ချောင်းရေ လုံလောက်စွာရရှိသောကြောင့် မိုးစပါးများ ကောင်းမွန်စွာ အောင်မြင်ဖြစ်ထွန်းလျှက်ရှိပါသည် ။ ကျောက်ဆည်ခရိုင်အတွင်း မိုးစပါးကို အရည်အသွေးကောင်း ၊ စျေးကောင်းရရှိသော ဧရာပဒေသာ စပါးမျိုးကိုအဓိကထားစိုက်ပျိုးပြီး မနောသုခ၊ ရေဆင်းလုံးသွယ်၊ ရွှေမနော်၊ ရွှေသွယ်ရင် စပါးမျိုး များလည်းစိုက်ပျိုးကြကြောင်း ၊ စပါးစိုက်ပျိုးရာတွင် ပ

18 Oct 2022

       မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းတွင် ငှက်ပျောစိုက်ဧကမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စုစုပေါင်းစိုက်ဧက(၂၅၃၉)ဧက စိုက်ပျိုးထားရှိပြီး ယခုလက်ရှိအချိန်ထိ ငှက်ပျော စိုက်ဧက(၄၉၄)ဧကခန့် ရိတ်သိမ်းပြီးစီးပြီဖြစ်ရာ အထွက်နှုန်းစုစုပေါင်း(၃၈၆၂၆၈)ခိုင်ထွက်ရှိကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ငှက်ပျောတစ်ဧက ကုန်ကျစရိတ်မှာ(၉၀၀၀၀၀/-)ကျပ်ဝန်းကျင်ခန့် ကုန်ကျပြီး ယခုနှစ် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ငှက်ပျောတစ်ဧက ကုန်ကျစရိတ်မှာ(၁၅၀၀၀၀၀/-) ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း ၊ ယခင်နှစ် ငှက်ပျော

17 Oct 2022

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခမ

17 Oct 2022

          ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကထားသော တိုင်းတစ်တိုင်းဖြစ်သည်နှင့်အမျှ မြစ်ချောင်း အင်းအိုင်ပေါများသောကြောင့် ရေထွက်ပစ္စည်းများဖြစ်သော ငါးပိ၊ ငါးချဉ်၊ ငါးခြောက်များ လည်းထွက်သည့်အနက် ပဲခူး ဒေသထွက် ငါးရံ့ခြောက်သည် နာမည်ကြီးလှပေသည်။ ပဲခူးဒေသထွက် ငါးရံ့ခြောက်သည် ဆားပေါ့၍ အပေါ့ခြောက် ဖြစ်သည့်အတွက် လူကြီး၊ လူငယ်၊ ကလေး၊ သွေးတိုး၊ ဆီးချိုသမားပါမကျန် စားသုံးနိုင်သောကြောင့် လူကြီးများအား လက်ဆောင်ပေးခြင်းအတွက်သော် လည်းကောင်း၊ ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်း၊ ဝယ်ယူလျက်ရှိကြပါ

17 Oct 2022

      ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်မြို့နယ်သည်  မိုးရွာသွန်းမှုများသည့်ဒေသ ဖြစ်သည့်အလျောက် ယခုအချိန်အခါသည် ဒေသထွက်စိုက်ပျိုးသီးနှံများ ထွက်ရှိမှုနည်းပါးသည့် အတွက် ရှမ်းပြည်နယ်အောင်ပန်းမြို့မှ ထွက်ရှိသော ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ၊ အာလူးနှင့် မုန်ညင်းထုပ်များသယ်ယူရောင်းချလျက်ရှိရာ ညောင်လေးမြို့ထိသယ်ယူပို့ဆောင်ခအနေဖြင့် ၁ ပိဿာ ၂၀၀/ ကျပ် ဝန်းကျင်ခန့်ကုန်ကျပြီး၊ ညောင်လေးပင်မြို့မဈေးတွင် ၊ ၁ ပိဿာ လက်လီရောင်းဈေးအနေဖြင့် ခရမ်းချဉ်သီး -၂၄၀၀ ကျပ်၊ ပန်းဂေါ်ဖီ - ၂၀၀၀ ကျပ်၊ အားလူး-၃၀၀

Pages