ကုန်သွယ်မှုသတင်းများ
ကယားပြည်နယ်တွင် ဂျင်းကို လွိုင်ကော်မြို့နယ် လင်ဖုန်းလေး၊ဆောင်ပြောင်း၊ ကုန်းသာကျေးရွာများတွင် အဓိကစိုက်ပျိုးကြပြီး ဒေသထွက်ဂျင်းကို ဟင်းခက်အမွေးအကြိုင်အဖြစ်ရိုးရာ အစားအစာများ၊ ဟင်းလျာများတွင်အသုံးများသဖြင့် ပြည်နယ်တွင်း စားသုံးမှုများကြောင်း၊ ယခု အောက်တိုဘာလ တတိယပတ်တွင် ဈေးကွက်အတွင်းဒေသထွက်ဂျင်းတစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်စက်တင်ဘာလတတိယပတ်တွင် ဒေသထွက် ဂျင်းတစ်ပိဿာလျှင် (၁၁၀၀)ကျပ်ခန့် သာရှိခဲ့ပြီး ယခင်စက်တင်ဘာလတတိယပတ်နှင့်ယခု အောက်တိုဘာလ တတိယပတ
စားဖိုဆောင်သီးနှံတစ်ခုဖြစ်သည့် ကြက်သွန်ဖြူကို ပြည်နယ်အတွင်း၌လည်း တပိုင်တနိုင် စိုက်ပျိုးလျက်ရှိကြပြီး၊ ယခင်နှစ်စိုက်ပျိုးချိန်တွင် ထွက်ရှိမှုနည်းပါ၍ ပြည်နယ်အတွင်း စားသုံးရန်အတွက် ကြက်သွန်(ဖြူ)ကို အောင်ပန်း၊ ကလောတို့မှ သယ်ယူကာ ရောင်းချလျက် ရှိကြောင်း ၊ လက်ရှိ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ယခုအောက်တိုဘာလ တတိယပတ်တွင် ကြက်သွန်(ဖြူ) ရှမ်းစ တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၆၅၀၀)၊ ယခင် စက်တင်ဘာလတတိယပတ်တွင် ကြက်သွန် (ဖြူ) ရှမ်
ကယားပြည်နယ်သည် ဆီထွက်သီးနှံအဖြစ် နှမ်းသီးနှံကို အဓိကစိုက်ပျိုးသော ဒေသဖြစ်ပါတယ်။ ကယားပြည်နယ်တွင် နှမ်းကို လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်နှင့် ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ်တို့တွင် အဓိကစိုက်ပျိုး ကြပါတယ်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နှမ်း(မိုး)ကို လွိုင်ကော်ခရိုင်၌ စိုက်ဧက (၃၆၇၈) ဧကခန့်စိုက်ပျိုးခဲ့ပါကြောင်းနှင့် ဘောလခဲခရိုင်တွင်စိုက်ဧက (၁၉၇၁၉) ဧကစိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အပါအဝင် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း စသည့် မြို့နယ်များတွင် သဘာဝငှက်သိုက်စစ်စစ်အများဆုံးထွက်ရှိပါသည်။ အဆိုပါ သဘာဝငှက်သိုက်စစ်စစ် ကို ကိုယ်ခံအားနည်းသည့် အဘိုးအဘွားများ၊ ကျန်းမာရေးမကောင်းသူများအတွက် သင့်လျော်သည့် အာဟာရဖြည့်စွက်စာတစ်မျိုးဖြစ်ပါသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း အောက်တိုဘာလတွင် ဓါတ်မြေသြဇာ စျေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး စျေးကွက်တွင် လူသုံးများသည့် တံဆိပ်များနှင့် စျေးနှုန်း များမှာ သံကွင်း (Yuntianhua)မှာ ၅၀ကီလိုဂရမ် တစ်အိတ်လျှင် ကျပ် ၁၄၅၀ဝဝိ၊ သရဖူ(ထိုင်းနိုင်ငံ) တစ်အိတ်လျှင် ကျပ် ၁၁၈၀ဝဝ/-၊ Vedagro (ဗီယက်နမ်) တစ်အိတ်လျှင် ကျပ် ၈၆၀ဝဝ/-၊ ၁၈:၄:၅ (သရဖူ)တစ်အိတ်လျှင် ကျပ် ၁၀ဝဝဝဝ/-၊ ၁၅ပတ်လည်(အာမို)တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၀/-၊ တနင်္သာရီတိုင်းဒေသကြီးတွင် ပိုးသတ်ဆေးစျေးနှုန်းများမှာ ဒါနာဒင် ၁၀၀