ကုန်သွယ်မှုသတင်းများ
နိုဝင်ဘာလဆန်းပိုင်းမှစ၍ ဆောင်းဝင်လာပြီဖြစ်၍ ရာသီတုပ်ကွေးရောဂါများ ဖြစ်ပွားလျက်ရှိရာ မကွေးမြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဖျားနာမှုအတွက် အဓိကဝယ်ယူလျှက်ရှိကြသော အိမ်သုံးဆေးဝါးများ နှင့် နေအိမ်သုံး ဆရာဝန်ညွှန်ကြားချက် မလိုအပ်သော ဆေးများမှာ အောက်တိုဘာလ စတုတ္ထအပတ်မှ နိုဝင်ဘာလ တတိယအပတ်အထိ ဆေးဝါးစျေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။
Diamond Dragon Co.,Ltd ၏ တောင်ငူမြို့ ကိုယ်စားလှယ်ဖြစ်သော အောင်စားသုံးဆီအရောင်းဆိုင်သည် တောင်ငူခရိုင်အတွင်းမှ အခြေခံလူတန်းစားများအပြင် ဌာနဆိုင်ရာဝန်ထမ်းများပါ စားသုံးဆီများအား သက်သာသောနှုန်းဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် Yerthetpan အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီ(အလေးချိန် ၅၀ ကျပ်သားဘူး)များကို ရောင်းချပေးလျက်ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ ၁၁.၁၁.၂၀၂၂ မှ ၁၆.၁၁.၂၀၂၂ ရက်အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၂၉၇၅၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၈၈၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၄၂၀၀ ကျပ်မှ ၄၅၀၀ ကျပ် ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင်

တောင်ငူမြို့ရှိပွဲရုံများ၌ နိုဝင်ဘာဒုတိယပတ်တွင် ကြက်သွန်ဖြူအသေးတစ်ပိဿာလျှင် ၃၀၀၀ ကျပ်၊ အလတ်တစ်ပိဿာလျှင် ၃၅၀၀ ကျပ်၊ အကြီး ၄၀၀၀ ကျပ်မှ ၄၅၀၀ ကျပ်၊ ကြက်သွန်နီအသေးတစ်ပိဿာလျှင် ၃၇၀၀ ကျပ်၊ အလတ် ၄၃၀၀ ကျပ်နှင့် အကြီး ၄၈၀၀ ကျပ်၊ အာလူးအသေး တစ်ပိဿာလျှင် ၂၂၀၀ ကျပ်၊ အလတ် ၂၅၀၀ ကျပ်နှင့် အကြီး ၂၈၀၀ ကျပ်၊ ငရုတ်ခြောက်အရှည်တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ အပုတစ်ပိဿာလျှင် ၂၂၀၀၀ ကျပ်နှင့် အပွတစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်မှ ၂၆၀၀၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၆၅၀၀ ကျပ် ဈေးအသီးသီးရှိပါသည်။

တောင်ငူမြို့ ၂၂ ရပ်ကွက်၊ ပန်းပဲလမ်းတွင် ပန်းပဲလုပ်ငန်းများလုပ်ကိုင်ရာတွင် ဓားကောက်၊ ဓားရှည်၊ ဓားမ၊ ဓားမြှောင် စသည်ဖြင့် အမျိုးအစားစုံလင်စွာထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။ ပန်းပဲလုပ်ငန်းအတွက် တစ်နေ့လျှင် ကားလေးသံ ၁၅ ပိဿာနှင့် မီးသွေး ၂ အိတ်ခန့် အသုံပြုရပါသည်။
