ဖြေရှင်းဆောင်ရွက်ပေးမှုများ
မကွေးမြို့နေ xxx သည် ညနေ(၁၆:၀၀)နာရီအချိန်တွင် မကွေးမြို့မှ အောင်လံမြို့သို့ xxx ယာဉ်လိုင်းဖြင့် ဆေးဆိုင်(၅)ဆိုင်သို့ ဆေးဂျပ်ဖာ(၅)ဖာအား တန်ဆာခစုစုပေါင်း ကျပ်(၂၃၅၀ဝ) ပေးချေပြီး ပေးပို့စေခဲ့ပါသည်။ သို့ရာတွင် ဆေးဆိုင်(၄)ဆိုင်သို့ ဂျပ်ဖာများရောက်ရှိသော်လည်း xxx ဆေးဆိုင်သို့ပေးပို့သည့် ဆေးဂျပ်ဖာ တန်ဘိုးငွေ ကျပ်(၆၃၀၀၀ဝ)မှာ ရောက်ရှိခဲ့ခြင်းမရှိ သည့်အတွက် ဂိတ်တာဝန်ရှိသူသို့ မေးမြန်းခဲ့ရာ လမ်းတွင်ကျပျောက်ခဲ့ခြင်းဖြစ်သည်ဟု ဖြေကြားလာ၍ ယာဉ်လိုင်းမှ တာဝန်ရှိသူနှင့်သွားရောက်ညှိနှိုင်
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/22.2_3.jpg?itok=nbDnuCiw)
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေ xxx သည် xxx ပိုးထည် ချည်ထည် အမျိုးမျိုးရောင်းဝယ်ရေး Online Page Live မှ ပါတိတ်ထမီ(၁၀)ကွင်းအား ကျသင့်ငွေ ကျပ်(၂၈၄၀ဝ)၊ ပို့ဆောင်ခ ကျပ်(၁၀၀ဝ)၊ စုစုပေါင်းကျသင့်ငွေ ကျပ်(၂၉၄၀ဝ)အား K-Pay ဖြင့် ငွေလွှဲ၍ ဝယ်ယူခဲ့ပါသည်။ သို့သော်လည်း မှာယူပြီး (၃)ပါတ်အကြာအထိ အထည်များပေးပို့လာခြင်းမရှိသဖြင့် ဆက်သွယ်ပြောကြားခဲ့ရာတွင် ရိုင်းစိုင်းစွာပြောဆိုပြီး Account အား block သွားပါသဖြင့် Consumer Call Center 1535 သို့ တိုင်ကြားလာပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/22.1_2.jpg?itok=evLB8t4o)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၂.၁၂.၂၀၂၃)ရက်နေ့ ညနေ (၁၄:၀၀)နာရီက လပွတ္တာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ဈေးရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိမရှိ နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၈၀၃ လပွတ္တာ_1.jpg?itok=7gAOQJLZ)
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေ တိုင်ကြားသူတစ်ဦးသည် မူဆယ်မြို့ရှိ “***” မီနီကားလေး ရောင်းဝယ်ရေးထံမှ ငွေကျပ်(၁၅)သိန်း တန်ဖိုးရှိ အိမ်သုံးမီနီသုံးဘီးအား အွန်လိုင်းမှတစ်ဆင့် မှာယူခဲ့ရာ ကြိုတင်စရံငွေအဖြစ် ငွေကျပ် ၁,၁၈၀,၀၀၀/-အား ပေးချေလျှင် ပစ္စည်းကို ၁၈-၁၀-၂၀၂၃ ရက်နေ့အရောက် ပေးပို့ပေးမည်ဟု ပြောကြားခဲ့သဖြင့် ၁၃-၁၀-၂၀၂၃ ရက်နေ့တွင် ငွေကျပ် ၁,၁၈၀,၀၀၀/- ကို Wave Money ဖြင့် ငွေလွှဲပေးပို့ခဲ့ပြီးနောက် ပစ္စည်းပေးပို့လာခြင်
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/2_35.jpg?itok=zFRxl1nG)
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်နေ တိုင်ကြားသူသည် ကျိုင်းတုံမြို့မှ စစ်ကိုင်းမြို့သို့ မော်တော်ယာဉ်လိုင်းတစ်ခုဖြင့် အစားအသောက်ပစ္စည်းများ ပေးပို့ရာတွင် ဝန်ဆောင်ခကျသင့်ငွေ ၁၅,၀၀၀/-ကျပ်ကို ပေးချေပြီးသော်လည်း ၁၂,၀၀၀/-ကျပ် ထပ်မံတောင်းခံသဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင် လာရောက်တိုင်ကြားခြင်း ဖြစ်ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/1_78.jpg?itok=s92zDOhn)