ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal
29 May 2025

     ရန်ကုန်တိုင်းဒေသကြီးရှိ ကားအရောင်းစင်တာအွန်လိုင်း Page တစ်ခုသည် Brand New Honda CR-V ယာဉ်များအား ဆိုရှယ်မီဒီယာမှတဆင့် ကြော်ငြာရောင်းချလျက်ရှိရာ EV ကား သာ တင်သွင်းခွင့်ပြုထားချိန်ဖြစ်သဖြင့် မှန်ကန်မှုရှိ/မရှိ စိစစ် အရေးယူဆောင်ရွက်ပေးရန် စားသုံးသူတစ်ဦးက အကြောင်းကြားလာပါသည်။

08 May 2025

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နေ တိုင်ကြား သူတစ်ဦးသည် LAPTOP SHOWROOM တစ်ခုထံမှ laptop အား ငွေကျပ် ၁,၄၅၀,၀၀၀/-ဖြင့် ဝယ်ယူခဲ့ပြီးနောက် laptop Battery Error ဖြစ်ပေါ်လာသဖြင့် ဆိုင်သို့ ဆက်သွယ် အကြောင်းကြားသော်လည်း တာဝန်ယူဖြေရှင်း ပေးခြင်း မရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

08 May 2025

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နေ တိုင်ကြားသူတစ်ဦး သည်  မကွေးမြို့ရှိ ကားဂိတ်တစ်ခု တွင် ငွေကျပ်(၁၀)သိန်းတန် စက်ဘီးဂီယာစက်တစ်ခုကို မန္တလေးမှ အောင်လံမြို့သို့ ဝန်ဆောင်ခ ပေး၍ ပို့ဆောင်စေခဲ့ရာ ၎င်းပစ္စည်းမှာ အောင်လံမြို့သို့ ရောက်ရှိ လာ ခြင်းမရှိသဖြင့် ဂိတ်သို့ မေးမြန်း စုံစမ်းရာ ဂိတ်တာဝန်ရှိသူမှ မကွေးမြို့ရှိဂိတ်သို့ ပေးပို့ခဲ့ကြောင်း၊ မကွေးမြို့ရှိဂိတ်မှတစ်ဆင့် အခြားယာဉ်လိုင်းဖြင့် ဆက်လက်ပေးပို့စေခဲ့ရာတွင် ပစ္စည်းမှာ လမ်းတွင်ပျောက်ဆုံးခဲ့ကြောင်း၊ မကွေးမြို့ရှိ ဂိတ်တာဝန်ရှိသူ

08 May 2025

   ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် xxx ဆိုင်မှ Asus Proart Display Pa279CV 27” 4 K HDR UHD IPS 60 HZ Moniter အား ငွေကျပ် ၁,၆၅၈,၈၃၅ ဖြင့်ဝယ်ယူခဲ့ရာ အာမခံသက်တမ်း (၃)နှစ်အတွင်း Monitor တွင် Error ဖြစ်ပေါ်သောကြောင့် ဆိုင်သို့ အကြောင်းကြားသော် လည်း User Fault ဟုပြောဆိုပြီး ပြင်ဆင်ပေးမှုမရှိသဖြင့် စားသုံးသူရေးရာ ဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

08 May 2025

    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနား မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် Online Website မှ တရားမဝင် ကုန်သွယ်မှုပြု၍ ငွေကြေးလိမ်လည်နေ သော အဖွဲ့အစည်းအား ဖမ်းဆီးဖော်ထုတ် အရေးယူ ပေးပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ် တိုင်ကြားလာပါသည်။

Pages