ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal
11 Aug 2023

      ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နေ(ယခင်) တိုင်ကြားသူတစ်ဦးသည် ဆိုင်ကယ်အရောင်းဆိုင်တစ်ခုမှ ၁-၁၁-၂၀၂၀ ရက်နေ့တွင် Supernova 125 စိမ်း ယာယီ E xxxx ကို ငွေကျပ် ၉၈၀၀၀၀/- ငွေအကြေပေးဝယ်ယူခဲ့ပြီး ရောင်းချသော ဆိုင်ကယ်အရောင်းဆိုင်သို့ ဆိုင်ကယ်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို အကြိမ်ကြိမ် သွားရောက်ညှိနှိုင်းတောင်းခံသော်လည်း လက်ဝယ်သို့ ပေးအပ်ခြင်းမရှိပါသဖြင့် ၂၇-၇-၂၀၂၃ ရက်နေ့တွင် ကယားပြည်နယ် ဦးစီးမှူးရုံး (CICC)သို့ လူထုဆက်သွယ်ရေးနည်းလမ်း (Viber)မှ တဆင့်တိုင်ကြားလာပါသည်။

17 Jul 2023

   ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် ကုမ္ပဏီတစ်ခုထံမှ ဂျပန်ကျ ရေခဲသေတ္တာ(၁)လုံး ဝယ်ယူခဲ့ရာ ရေခဲသေတ္တာ၌ ချို့ယွင်းချက်ရှိနေသည့်အတွက် ဝယ်ယူ ပြီး(၁၀)ရက်အတွင်း အကြောင်းကြားခဲ့သော်လည်း တာဝန်ယူဖြေရှင်းပေးခြင်း မရှိသောကြောင့် Website Complaint System  မှတစ်ဆင့် တိုင်ကြားလာပါသည်။

17 Jul 2023

     ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည်  ဆေးဝါး(၂)မျိုးကို တန်ဖိုးငွေ  (၂)သိန်းကျော်ဖြင့် ရပ်ကွက်အတွင်း ရောင်းချနေသောကြောင့် ၎င်းဆေးဝါးများသည် FDA ခွင့်ပြုချက် ရှိ/မရှိနှင့် တရားဝင်ဆေးဝါးများ ဟုတ်/မဟုတ်ကို အများပြည်သူ သိရှိနိုင်စေရန်အတွက် စစ်ဆေးပေးနိုင်ပါရန် Website Complaint System  မှတစ်ဆင့် တိုင်ကြားလာပါသည်။

17 Jul 2023

      ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် ကုမ္ပဏီတစ်ခုမှ ရောင်းချသော Solar နှင့် Solar Batteries များအား အမေရိကန်ဒေါ်လာ (၇၀၈၂၁)$ ပေးဝယ်၍ တပ်ဆင်ထားပါကြောင်း၊ ကျသင့်ငွေများအနက်  Solar  Batteries တန်ဖိုးမှာ (၁၇၂၀၇)$ ဖြစ်ကြောင်း၊ ဝယ်ယူထားသော ပစ္စည်းများအတွက် အာမခံကာလမှာ(၅၀)နှစ်ဖြစ်ပါကြောင်း၊Solar Batteries (၅)လုံးမှာ ချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့မှုအတွက် ကုမ္ပဏီမှ သက်ဆိုင်ရာတာဝန်ခံများအား အကြောင်းကြားခဲ့ရာတွင် ဆောင်ရွက်ပေးမှု အဆင်မပြေသဖြင့်

16 Jun 2023

     ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နေ တိုင်ကြားသူ တစ်ဦးသည် ၄-၅-၂၀၂၃ ရက်နေ့တွင် ပြည်ခရိုင် ဦးစီးမှူးရုံးမှတဆင့် ၁-၅-၂၀၂၃ ရက်နေ့တွင် ပြည်မြို့၊ကားကြီးဝန်းအတွင်းရှိ မော်တော်ယာဉ်လိုင်းဖြင့် ဟင်္သာတမြို့ရှိ မိတ်ဆွေထံသို့ ကုန်ပစ္စည်းတင်ပို့ခဲ့ရာ မော်တော်ယာဉ်ဂိတ်မှ ပစ္စည်းလက်ခံသော စာရေးအနေဖြင့် မိမိအားအများရှေ့တွင် မချေမငံပြောဆို ဆက်ဆံသည့်အတွက် မိမိအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု ဖြစ်ပေါ်ခဲ့သဖြင့် တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့်ပတ်သက်၍ ပြည်ခရိုင်ဦးစီးမှူးရုံးနှင့် ပြ

Pages