ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal
17 Oct 2023

      ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ် ၆ ရပ်ကွက်နေ တိုင်ကြားသူသည် XXXX ကုမ္ပဏီမှ အင်တာနက် Wifi အားရယူသုံးစွဲရာတွင် အင်တာနက်လိုင်းပြတ်တောက်ခဲ့ပြီး အင်တာနက်လိုင်း ပြတ်တောက်မှု ပတ်သက်၍ ကုမ္ပဏီဘက်သို့ ဖုန်းဆက်ခေါ်ဆိုရာတွင် ခေါ်ဆိုရခက်ခဲခြင်း၊ နစ်နာမှုနှင့်ပတ်သက်၍ ကုမ္မဏီဘက်မှ ကြေညာထားသော အာမခံမှုအတိုင်းအပြည့်အဝမရရှိခြင်း၊ Call Center မှ ကျေနပ် အောင် ဖြေကြားမှုမရှိခြင်းတို့ကြောင့် ၎င်း၏နစ်နာမှုများအတွက် ကုမ္ပဏီ၏ အာမခံချက်အတိုင်း စားသုံးသူအခွင့်အရေးအပြည့်အဝ ရရှိလိုကြောင်း တင်ပြလာမှု

13 Oct 2023

    ကယားပြည်နယ်၊လွိုင်ကော်မြို့နယ်နေ တိုင်ကြားသူသည် လွိုင်ကော်မြို့၊ ဆိုင်ကယ်အရောင်းဆိုင် တစ်ဆိုင်က ဆိုင်ကယ်ဝယ်ယူခဲ့ရာ Owner Book မရရှိ၍ စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ် တိုင်ကြားလာပါသည်။

13 Oct 2023

   မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်နေ တိုင်ကြားသူသည် မိတ္ထီလာမြို့၊ မြို့မဈေးအတွင်းရှိ ငံပြာရည်နှင့် ဆော့စ်အမျိုးမျိုး ရောင်းချသောဆိုင်မှ ၂၄-၆-၂၀၂၃ ရက်နေ့တွင် “***” အမှတ်တံဆိပ်ငံပြာရည်ကို တစ်ပုလင်း ၃,၀၀၀/- ကျပ်ဖြင့်ဝယ်ယူခဲ့ပါကြောင်း၊ ယခင်သုံးစွဲနေကျ “***” အမှတ်တံဆိပ်ငံပြာရည်နှင့် အရသာကွာခြားမှုရှိသော်လည်း ထုတ်ပိုးမှုမှာ မူလအတိုင်းဖြစ်နေ၍ “***” အမှတ်တံဆိပ်ငံပြာရည် အစစ်ဟု ထင်မြင်၍ ဝယ်ယူခဲ့ပါကြောင်း၊ ဝယ်ယူပြီး အနံ့နမ်းကြည့်ရာ ငါး၊ ငါးပိရည် အနံ့မရဘဲ မန်ကျည်းရည်နှင့် ဆားဖျ

13 Oct 2023

     ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ တိုင်ကြားသူသည်   " *** "Limited မှ Sim Life Cycle Policy နှင့်ပတ်သက်၍ သတ်မှတ်ထုတ် ပြန်ထားသည့်အတိုင်း ဆောင်ရွက်ခြင်း မရှိသောကြောင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် စားသုံးသူ ရေးရာဦးစီးဌာန၊ Website Complaint System သို့ တိုင်ကြားလာပါသည်။

09 Oct 2023

     မကွေးတိုင်းဒေသကြီး၊ xxxxxx မြို့နယ်၊ xxxxxx ကျေးရွာနေ၊ ဦး xxxxxx သည် (၂၇.၆.၂၀၂၃)ရက်နေ့တွင် xxxxxx လက်အိတ်ကို Online Page မှ စိုက်ပျိုးရေးသုံး လက်သည်းနှစ်ဖက်ပါသော လက်အိတ်(၁၀)စုံအား ကျသင့်ငွေကျပ်(၆၉၀၀၀)ပေးချေ၍ မှာယူခဲ့ရာ မှာယူပြီးတစ်ပတ်အကြာတွင် လက်အိတ်များ ရောက်ရှိလာကြောင်း၊ လက်အိတ်(၁)စုံအား ဖွင့်ဖောက်စစ်ဆေးရာ၌ အရောင်းဝန်ထမ်းမှ ရောင်းချစဉ်က ပြောဆိုထားသည့်အတိုင်း လက်သည်းမှာ လက်အိတ်နှစ်ဖက်လုံးတွင်ပါဝင်ခြင်းမရှိဘဲ လက်အိတ်တစ်ဖက်ထဲတွင်သာပါရှိကြောင်း၊ အရောင်း ဝန်ထမ်းထံသို့ ဖုန

Pages