Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မင်းလှမြို့နယ်ရှိ ကြက်ဥ/ ဘဲဥဈေးနှုန်းဈေးကွက်

          ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့ မင်းလှမြို့မဈေးကြီးအတွင်း ရောင်းချ လျက်ရှိသော ကြက်ဥ/ဘဲဥ လက်လီ/လက်ကား အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများမှာ ၂၀၂၄ခုနှစ် ဧပြီလတွင် ကြက်ဥ အကြီးတစ်လုံးလျှင် (၂၈၀)ကျပ်၊ ကြက်ဥ အလတ်တစ်လုံးလျှင် (၂၆၀)ကျပ်၊ ကြက်ဥအသေးတစ်လုံးလျှင် (၂၄၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ရှိနေခဲ့ပါသည်။

          ဘဲဥ ဈေးကွက်ရောင်းချမှုအနေဖြင့် ဘဲဥအကြီးတစ်လုံးလျှင် (၃၈၀)ကျပ်၊ ဘဲဥအလတ် တစ်လုံးလျှင် (၃၅၀) ကျပ်၊ ဘဲဥအသေးတစ်လုံးလျှင် (၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ရှိနေကြောင်းသိရှိရပါသည်။ တစ်နေ့လျှင်ကြက်ဥ/ ဘဲဥ  ရောင်းအားမှာ အလုံးရေ(၁၆၀၀) လုံးခန့် အထိ အရောင်းအဝယ်ဖြစ်နေကြောင်း  လက်လီလက်ကား  ရောင်းချနေသော ကုန်စုံဆိုင်များမှ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

သာယာဝတီခရိုင်

မင်းလှမြို့နယ် စပါး/ဆန် ဈေးကွက်အခြေအနေ

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် စပါးဈေးမှာ ၂၀၂၄ခုနှစ် မတ်လ နောက်ဆုံးပတ်တွင် ဆင်းသုခ၊ မနောသုခစပါး၊ (၄၆) ပေါင်တင်း (၁၀၀) လျှင် (၁၈၄၀၀၀၀)ကျပ် ရှိခဲ့ရာမှ သင်္ကြန်ပြီးကာလ နောက်ပိုင်းတွင် (၄၆) ပေါင် တင်း(၁၀၀) လျှင်(၁၉၇၈၀၀၀)ကျပ် ရှိခဲ့၍(၁၃၈၀၀၀) ထိမြင့်တက်လာခဲ့ကြောင်း၊ မိုးစပါးများလည်းကုန်နေပြီဖြစ်၍ အရောင်းအဝယ် အေးနေကြောင်း စပါးကုန်သည် တစ်ဦးထံမှ သိရှိရပါသည်။

           ဆန်ဈေးကွက်အနေဖြင့်မတ်လနောက်ဆုံးပတ်တွင် ဆင်းသုခ၊ မနောသုခဆန် (၁) အိတ်လျှင်(၈၅၀၀၀)ကျပ်ရှိခဲ့ရာမှ သင်္ကြန်ပြီးကာလနောက်ပိုင်းဆန်(၁)အိတ်လျှင် (၈၂၀၀၀)ကျပ် ဖြင့် (၃၀၀၀)ကျပ်ခန့် ဈေးနှုန်းကျဆင်းသွားကြောင်း သိရှိရပါသည်။ မင်းလှမြို့နယ်မှ ရန်ကုန်မြို့သို့ တစ်ရက်ခြား ဆန်ကား(၃)စီးမှ (၄)စီးထိတင်ပို့လျက်ရှိပြီး မင်းလှမြို့နယ်မှ ပြည်မြို့ သို့ တစ်ရက်ခြား ဆန်ကား(၃)စီးခန့် တင်ပို့နေကြောင်း ဆန်ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

သာယာဝတီခရိုင်

သာယာဝတီမြို့နယ်တွင် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများဈေးကွက်

            ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဈေးရပ်ကွက်ဈေးလမ်းတွင် ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ၏ ဈေးဆိုင်များတွင်ယနေ့( ၂၅.၄.၂၀၂၄)ရက်နေ့     ရောင်းချလျက်ရှိသော ကုန်စည်၊ သား/ငါး၊ ဟင်းရွက်ဟင်းသီးဈေးနှုန်းများမှာ ဆန်တစ်ပြည်လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့်ဆန် (၃အိတ်) ၊ ဆီတစ်ပိဿာလျှင် (၅၉၀၀) ကျပ်နှုန်းဖြင့်ဆီပိဿာ (၁၁၀) ၊ ကြက်ဥတစ်လုံးလျှင် (၂၅၀) ကျပ်နှုန်းဖြင့် ကြက်ဥ (၃၀၀) လုံး၊ ဝက်သား တပိဿာ လျှင်  (၁၅၀၀၀) ကျပ်နှုန်းဖြင့် (၂၅) ပိဿာ ၊ ကြက်သားမွေးမြူရေးတစ်ပိဿာလျှင် (၈၀၀၀) ကျပ်နှုန်းဖြင့် (၃၀) ပိဿာ၊ ဆိတ်သား တစ်ပိဿာလျှင်  (၁၈၀၀၀) ကျပ်နှုန်းဖြင့် (၅) ပိဿာ၊အမဲသားတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ဈေးနှုန်းဖြင့် အမဲသား(၅)ပိဿာ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၄၅၀၀)ကျပ်နှုန်းဖြင့် (၂၀) ပိဿာ၊  သခွားသီး၊ ပဲသီး၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်၊ ပြောင်းဖူး၊ ‌  ရုံးပတီသီး၊ ဗူးညွန့်၊ သံပုရာသီး၊ ချဉ်ပေါင်ရွက်၊ငှက်ပျောသီး၊ ကန်စွန်းရွက် စသော အသီးအနှံများကို ပြည်သူများအား ချိုသာသောဈေးနှုန်းဖြင့် နေ့စဉ် ဝယ်ယူရရှိနိုင်ပြီး သာယာဝတီမြို့နယ်၏ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ ရောင်းချပေးသော အရောင်းဈေးဆိုင်များတွင်ဝယ်ယူရရှိနိုင်ကြောင်း သိရှိရပါသည်။

     စားသုံးသူရေးရာဦးစီးဌာန

     သာယာဝတီခရိုင်

ငုစေ့ ပရဆေး ကုန်ကြမ်းများ ရောင်းဝယ်မှုလုပ်ငန်းမှ ဝင်ငွေများရရှိနေ

           ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ပရဆေးကုန်ကြမ်းဖြစ်သည့် ငုစေ့များ နွေရာသီ မတ်လ၊ ဧပြီလများတွင် အရောင်းအဝယ် လှိုင်နေကြောင်းနှင့် အိမ်တွင်း ဝင်ငွေရ ရာသီပေါ်လုပ်ငန်းတစ်ခုဖြစ်ပါကြောင်းသိရှိရပါသည်။

          ဒေသအလိုက် ပေါက်နေသော ငုပင်များမှ အသီးများကို မတ်လနှင့် ဧပြီလများတွင် ခူးဆွတ်၍ အသီးများမှ အစေ့များရင့်ခြောက်ပြီး ရရှိလာသည့် အစေ့များအား အခြောက်လှမ်း၍ ရရှိလာသော  ငုစေ့များကို ပရဆေးကုန်းကြမ်းအသုံးပြုရန် ဝယ်ယူမှုများရှိကြောင်း၊ ငုစေ့ခြောက် များရရှိရန် ငုသီးများကို အသီးခွဲ၊ နေလှမ်း၊ အခြောက်ခံခြင်းများ ပြုလုပ်ပေးရကြောင်း၊ ငုစေ့ခြောက် တစ်ပိဿာရရှိရန် လုပ်သားခ (၂၅၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ လုပ်သား တစ်ဦးလျှင် တစ်နေ့ငုစေ့ ၃ပိဿာ ခန့်ရရှိပြီး အိမ်တွင်း၌သာ ကုန်ကြမ်းဖြင့် ပြုလုပ်၍ရသော အပိုဝင်ငွေရရှိနေသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။

          ငုစေ့ကုန်ကြမ်းအား ရောင်းဝယ်ရာ၌၂၀၂၄ခုနှစ် ဧပြီလနောက်ဆုံးပတ်တွင် အစေ့ခြောက် တစ်ပိဿာလျှင်(၅၀၀၀)ကျပ်ဖြင့် မြို့နယ်အထိုင်ဈေးဖြင့် ဝယ်ယူပြီး ရရှိလာသော ငုစေ့များအားစုဆောင်းကာ ပြည်၊ မန္တလေးမြို့ရှိ ကုန်သည်များထံသို့ တင်ပို့ရောင်းချလျက် ရှိပါကြောင်းနှင့် ငုသီးခြောက်များစုဆောင်း၍ ငုစေ့များ ဝယ်ယူတင်ပို့ ရောင်းချနေသူ ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

 

    စားသုံးသူရေးရာဦးစီးဌာန

    နတ်တလင်းခရိုင်

ဧပြီလမတ်ပဲဈေးနှုန်း၊ ဈေးကွက်အခြေအနေ

           ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ပဲမျိုးစုံ ရောင်းဝယ်ရေးပွဲရုံများတွင် ယခုဧပြီလ ဈေးနှုန်းများမှာ ယခင်မတ်လ စတုတ္တပတ် ဈေးနှုန်းထက် ပြန်လည်မြင့်တက်လာပြီး ဈေးအမြင့်ဖြင့် ရောင်းဝယ်နေသည်ကို တွေ့ရပါသည်။

          ယခင် မတ်လကုန်ပိုင်းတွင် ရောင်းဝယ်ခဲ့သော ဈေးနှုန်းမှာ မတ်ပဲ ပိဿာ (၂၀) တစ်တင်း လျှင် (၉၂၈၀၀ ကျပ်မှ ၉၃၀၀၀ ကျပ်) သာရှိခဲ့ပြီး ယခုဧပြီလဆန်း ပထမပတ်တွင် မတ်ပဲပိဿာတစ်တင်းလျှင် (၉၆၆၀၀ ကျပ်မှ ၉၉၁၀၀ကျပ် ) ထိ ဈေးမြင့်တက်ခဲ့သည်ကို တွေ့ရှိရပါသည်။

          သင်္ကြန်မတိုင်မီ  တောင်သူများ ရောင်းချမှုများလာပြီး ဈေးနှုန်းလည်း ဆက်လက်   မြင့်တက်လာရာ ဧပြီလ ဒုတိယပတ်တွင် ပိဿာ(၂၀)တစ်တင်း (၁၀၁၀၀၀ ကျပ်မှ ၁၀၂၀၀၀ ကျပ်)အထိ အရောင်းအဝယ် ဖြစ်ခဲ့ပြီး  သင်္ကြန်ပိတ်ရက် ဧပြီလ တတိယပတ်တွင်မူ ပွဲရုံများ ပိတ်ထားသဖြင့်  အရောင်းအဝယ် မရှိခဲ့ပါ။ သင်္ကြန်ကျော် ဧပြီလ စတုတ္တပတ် (၂၄) ရက်နေ့ထိ ရောင်းဝယ်ခဲ့သောဈေးမှာ ပိဿာ(၂၀)တစ်တင်းလျှင် (၁၀၂၀၀၀ ကျပ်မှ ၁၀၃၃၀၀ ကျပ်)အထိ ဈေးအတက်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။ တင်ပို့ရောင်းချမှု အနေဖြင့် ရန်ကုန်ဝယ်လက်သို့ အိတ် (၃၅၀)ဆံ့ ကားနှစ်စီးဖြင့် ရက်ခြားတင်ပို့နေရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

 

ဈေးကောင်းရရှိနေသောဒန့်သလွန်သီး

            ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ နေအိမ်တိုင်းနီးပါးတွင် ဒန့်သလွန်ပင်များ စိုက်ပျိုးကြပါသည်။ ဒန့်သလွန်ပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး အပွင့်၊ အသီး၊ အရွက်များအားလုံးကို စားသောက်ရန်နှင့် ဆေးဝါးအဖြစ်အသုံးပြုကြပါသည်။ ဒန့်သလွန် ပင်အမြင့်မှာ (၁၀)တောင်မှ (၁၆)တောင်အထိမြင့်ပါသည်။ တစ်ပင်လျှင် အသီး အတောင့်အရေ အတွက် (၈၀) မှ (၁၀၀) ကြားထွက်ရှိပါသည်။

             ပေါ်ဦးစ ဒန့်သလွန်သီးတစ်တောင့်လျှင် အတောင့်အရွယ်အစားကိုလိုက်၍ (၂၀၀)ကျပ်မှ (၂၅၀)ကျပ်အထိ ဈေးကောင်းရရှိပြီး ယခု  ၂၀၂၄ခုနှစ် ဧပြီလ စတုတ္တပတ်တွင်မူ ဒန်သလွန်သီး တစ်တောင့် (၅၀)ကျပ်မှ (၁၀၀)ကျပ် ပေါက်ဈေးသာရှိသည်။ ထွက်ရှိလာသော ဒန့်သလွန်သီးများ ကို ဒေသတွင်း ဈေးကွက်နှင့် ရန်ကုန် ကြည့်မြင့်တိုင်ဈေး၊ တညင်းကုန်းဈေးသို့ နေ့စဉ် တင်ပို့ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဘားအံမြို့ဒေသထွက် မရမ်းသီးဈေးနှုန်း

ဘားအံ၂၅ ဧပြီလ

            ၂၀၂၄ ခုနှစ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့၏ ဈေးကွက်တွင် နွေရာသီစာ သီးနှံဖြစ်သည့် မရမ်းသီးများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

            ချိုချိုချဉ်ချဉ်လေးနဲ့ အရသာရှိတဲ့ မရမ်းသီး ကို ဆောင်းရာသီ အအေးဓာတ်လေး မကုန်ခင် အချိန်တွင် ဆားရည်စိမ်၍ပဲစားစား၊ ဆေးသကြားလေးနှင့် အချိုစိမ်ပြီးပဲစားစား၊ ပါးပါးလှီးပြီး သုပ်ပဲစားစား၊ ငပိလေးနဲ့ရောထောင်းပြီးပဲစားစား၊ လက်ဖက်နှင့် ရောနယ်ပြီးစားစား ၊ မျှင်ငါးပိ/ ငါးလေးရေကျိုငါးပိနှင့်ပဲ တွဲဘက်ပြီး ကြော်စားစား ခံတွင်းတွေ့၍ စိတ်ကျေနပ်စရာကောင်းလှပြီး မြန်မာလူမျိုးများကြိုက်နှစ်သက်လှသည့်  စားသောက်ဖွယ်ရာ သီးနှံတစ်မျိုးဖြစ်သည်။

            ပွင့်လင်းရာသီ နွေရာသီချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် မရမ်းသီးဈေးနှုန်း များမှာ မရမ်းချဉ်သီး တစ်ပြည် ဈေးနှုန်း (၇၂၀၀/၈၀၀၀) ကျပ်၊ မရမ်းချိုသီးတစ်ပြည်ဈေးနှုန်း (၂၄၀၀၀၊၂၈၀၀၀) ကျပ်၊ နှင့် မရမ်းချဉ်သီး တစ်ဘူးဈေးနှုန်း(၉၀၀/၁၀၀၀) ကျပ်၊ မရမ်းချိုသီး တစ်ဘူး (၃၀၀၀/၃၅၀၀) ကျပ် တို့ဖြင့် ဈေးကောင်းရ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(ကရင်)

ပြည်ခရိုင်အတွင်းရှိ နေကြာသီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

             ပြည်ခရိုင်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တွင် မိုးနေကြာစိုက်ဧက ၂၈၆ဧက၊ ဆောင်း နေကြာစိုက်ဧက ၂၄၇၅ဧက စုစုပေါင်း စိုက်ဧကမှာ ၂၇၆၁ဧက စိုက်ပျိုးထားရှိပါသည်။ တစ်ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် (၄၁၈၇၅၀)ကျပ်ကုန်ကျပြီး တစ်ဧကပျမ်းမျှ အထွက်နှုန်းမှာ ၂၄.၇၅တင်း ထွက်ရှိကြောင်း သိရပါသည်။ နေကြာသီးနှံ၏ ဈေးနှုန်းအနေဖြင့် ဧပြီလ နောက်ဆုံးပတ်တွင် တစ်တင်းလျှင် (၃၅၀၀၀)ကျပ်ဈေးရှိ၍ တစ်ဧကလျှင် (၄၄၇၅၀၀)ကျပ်ခန့် အကျိုးအမြတ်ရရှိပါသည်။ ဒေသပေါက်ဈေးအနေဖြင့် ၃၅၀၀၀ကျပ်ဈေးရှိသော်လည်း အရောင်းအဝယ်မဖြစ်ဘဲ ဒေသတွင်း ဆီစက်များမှသာ စားသုံးရန်အတွက် ဝယ်ယူကြိတ်ခွဲခြင်း မျိုးသာ ရှိပြီး အခြားတိုင်းများသို့ တင်ပို့ရောင်းချမှုမရှိကြောင်း သိရပါသည်။ ပြည်ခရိုင်အတွင်းရှိ ဆီစက်များမှ နေကြာသီးနှံအား နဝလီ ကြိတ်ခွဲလျှင် တစ်တင်းလျှင် ၂၇၀၀ကျပ်နှုန်းဖြင့် ကြိတ်ခွဲ ပေးကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦစီးဌာန

      ပြည်ခရိုင်

ပြည်မြို့၏ ငရုတ်ခြောက်ဈေးကွက်

             ၂၀၂၄ခုနှစ် ဧပြီလအတွင်း ပြည်မြို့တွင် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်ခြောက်ကို ပြည်ဈေးကွက်အတွင်း အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါသည်။ ငရုတ်ခြောက်များကို ရှမ်းပြည်နယ်၊ အောင်ပန်းနှင့် မိတ္ထီလာ၊ ပျော်ဘွယ်တို့မှ ရက်ခြားအဝင်ရှိကြောင်းသိရသည်။ အိတ်အရေအတွက်အနေဖြင့် အိတ် (၃၀)လောက်ရှိကြောင်းသိရသည်။ ပြည်ဈေးကွက်သို့ ဝင်ရောက်လာသော ငရုတ်သီးခြောက် များကို ဒေသတွင်း လက်လီ၊ လက်ကားသမားများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဧပြီလနောက်ဆုံးပတ်တွင် ငရုတ်သီးခြောက် အရှည် တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်ဖြစ်ပြီး ဈေးကွက်နှင့် ကုန်စုံဆိုင်များတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

စားသုံးသူရေးရာဦစီးဌာန

        ပြည်ခရိုင်

သံပုရာသီးဈေးကွက်ဈေးနှုန်းတက်

              ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် သံပုရာစိုက်တောင်သူများ ဈေးကောင်း ရ၍တွက်ခြေကိုက်လျက်ရှိပါသည်။ သံပုရာပင်သည် နှစ်(၄၀)ကျော်ကြာ အပွင့်ပွင့်၍ အသီးသီး နိုင်သော နှစ်ရှည်အပင်မျိုးဖြစ်သော်လည်း (၁၀-၁၅)နှစ်လောက်သာ စိုက်ပျိုးကြောင်း သိရပါသည်။ အပင်စိုက်ပျိုးပြီး ၄-၅နှစ်မှစတင်၍ အသီးသီးပါသည်။ တစ်ဧကလျှင် သံပုရာပင် ၃၀၀ကျော် ခန့်စိုက်ပျိုးနိုင်ပြီး အသီးအားကောင်းသောနှစ်များတွင် တစ်ပင်လျှင် အသီး ၂၀၀-၂၅၀ခန့် သီးနိုင်ကြောင်း သိရပါသည်။

             သံပုရာသီးသည်မိုးရာသီတွင် အသီးနှုန်းအားကောင်း၍ အလုံးချောပြီး ရာသီဥတု ပူပြင်းသော နွေရာသီတွင် အသီးနှုန်းကျဆင်း၍ အသီးမှာလည်း အလုံးသေးသွားကြောင်း သိရပါသည်။ယခု၂၀၂၄ခုနှစ်တွင် သံပုရာစိုက်တောင်သူများအနေဖြင့်အသီးလှိုင်လှိုင်ပေါ်ချိန်တွင် သံပုရာသီး ဈေးကောင်းရခဲ့သလို ဧပြီလနောက်ဆုံးပတ်တွင် ရောင်းချလျက်ရှိသော ဈေးနှုန်းအနေဖြင့် နွေသီးများလည်း အလုံးချောချောတစ်လုံးလျှင် ၃၀၀ကျပ်၊ အသေး တစ်လုံး လျှင် ၂၀၀ကျပ်နှင့် လက်ကားဝယ်ယူသော ဖောက်သည်ဈေးမှာ တစ်လုံးလျှင် ၁၅၀ကျပ်အထိ ဈေးကောင်းရလျက်ရှိပါသည်။ ပြည်မြို့နယ်မှ ထွက်ရှိသော သံပုရာသီးများကို ဒေသတွင်း ဝယ်လက် များနှင့် ရခိုင်ပြည်နယ်ဘက်သို့ပါ တင်ပို့ရောင်းချနေကြောင်း သိရပါသည်။

စားသုံးသူရေးရာဦစီးဌာန

        ပြည်ခရိုင်

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း