Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး၊ ကသာခရိုင်(အင်းတော်မြို့နယ်)နှင့် မုံရွာခရိုင်များအနေဖြင့် စပါး၊ ဆန်ဈေးနှုန်းများဈေးအေးနေပါကြောင်းသိရှိရပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧပြီလ  တတိယပတ်တွင်ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း၁၀၀လျှင် ကျပ်၄၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း၁၀၀လျှင် ကျပ်၃၃၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

      ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း၁၀၀လျှင် ကျပ်၄၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း၁၀၀လျှင် ကျပ်၃၃၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

      ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) (သစ်)တင်း၁၀၀လျှင် ကျပ်၂,၆၅၀,၀၀၀၊ ဧည့်မထ (ဆန်) (သစ်)‌၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅,၀၀၀၊ ငစိန်(စပါး)(သစ်)တင်း၁၀၀လျှင် ကျပ်၂၄၅၀,၀၀၀၊ ငစိန် (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၀,၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း၁၀၀လျှင် ကျပ်၂,၇၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

      ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀လျှင် ကျပ်၁,၆၅၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (သစ်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၈၅,၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

       မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း၁၀၀လျှင် ကျပ်၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅၀၀၀၊ ရွှေဘိုပေါ်ဆန်း(စပါး) (သစ်) တင်း၁၀၀လျှင် ကျပ်၃၈၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၅၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးမှ ဧပြီလ    ဒုတိယပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၇၅၀၀၊ မန္တလေးသို့ အိတ်ရေ ၃၂၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၅၀၀၊ မွန်သို့ အိတ်ရေ ၃၄၂၀၊ ကချင်သို့ အိတ်‌ရေ ၅၂၂၀၊  ပခုက္ကူသို့ အိတ်ရေ ၃၀၀၀၊  စုစုပေါင်းအိတ်ရေ ( ၇၈၁၄၀    )  အိတ်၊ တန်အားဖြင့် (၃၉၀၇)တန်စီးထွက်ခဲ့ပြီး   ဧပြီလ  တတိယပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၉၅၀၀၊ မန္တလေးသို့ အိတ်ရေ ၃၄၅၀၀၊ နေပြည်တော်သို့ အိတ်ရေ ၃၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၅၀၀၊ မွန်သို့ အိတ်ရေ ၇၃၄၀၊ ကချင်သို့ အိတ်‌ရေ ၄၉၀၁၊ ပခုက္ကူသို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်းအိတ်ရေ (၈၅၂၄၁)  အိတ်၊ တန်အား ဖြင့် (၄၂၆၂) တန်စီးထွက်ခဲ့သည့်အတွက်  ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် အိတ်ရေ (၇၁၀၁) အိတ်၊ တန်အားဖြင့် (၃၅၅ ) တန်ပိုမိုစီးထွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)       

ဆောင်းကြက်သွန်နီစိုက်ပျိုးထွက်ရှိမှုအခြေအနေ

          မြင်းခြံခရိုင်တွင် နွေကြက်သွန်နီ(ခေါ်)ဆောင်းကြက်သွန်နီကို နိုဝင်ဘာလနှင့်ဒီဇင်ဘာလ တို့တွင် စတင်စိုက်ပျိုးပြီး မတ်လနှင့်ဧပြီလတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ မြင်းခြံခရိုင်ချုပ်အနေဖြင့် ဆောင်းကြက်သွန်နီ ယခုနှစ်စိုက်ပျိုးဧက ၁၉၆၇၄ ဧက၊ ရိတ်သိမ်းဧက ၁၈၀၀၀ ဧကနှင့် တစ်ဧကအထွက်နှုန်း ၃၄၂၉ ပိဿာနှုန်းဖြင့် အထွက်ပိဿာချိန်ပေါင်း ၆၁၇၂၂၀၀၀ ပိဿာထွက်ရှိခဲ့ပြီး ကျန်ဧကများ ဆက်လက်ရိတ်သိမ်းလျက်ရှိပါသည်။ ယခင်နှစ်ခရိုင်ချုပ်အနေဖြင့် ကြက်သွန်နီစိုက်ဧက ၁၉၄၇၈ ဧကတွင် ၁၀၀% ရိတ်သိမ်းခဲ့ပြီး ၃၄၂၀ ပိဿာနှုန်းဖြင့် အထွက်ပိဿာ ချိန်ပေါင်း ၆၆၆၁၄၇၆၀ ပိဿာထွက်ရှိ ခဲ့ကြောင်းလေ့လာသိရှိရပါသည်။ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ဆောင်းကြက်သွန်နီ စိုက်ဧက ၁၉၆ ဧကကျော် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး အထွက်နှုန်းနှင့် အထွက်ပိဿာချိန်လည်း ပိုမိုထွက်ရှိခဲ့ပါသည်။

          မြင်းခြံခရိုင်၏ ဆောင်းကြက်သွန်နီ တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုမှာ မိသားစု လုပ်အားခ အပါအဝင် စုစုပေါင်း ကုန်ကျစရိတ် ၁၉၉၄၀၀၀ ကျပ်ကုန်ကျခဲ့ပြီး တစ်ဧကတွင် ပျမ်းမျှအထွက် ပိဿာချိန် ၃၄၂၉ ပိဿာထွက်ရှိပြီး ထွက်ပေါ်ချိန်ရောင်းဈေးမှာ တစ်ပိဿာလျှင် ၁၃၀၀ ကျပ် အဖွင့်ဈေးဖြင့် မတ်လ စတုတ္ထပတ်အတွင်း ဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပါသည်။ တစ်ဧက ဝင်ငွေမှာ ၄၄၅၇၇၀၀ ကျပ်ဖြစ်သဖြင့် တစ်ဧကတွင် ၂၄၆၃၇၀၀ ကျပ် အကျိုးအမြတ်ရရှိပြီး တောင်သူများအနေဖြင့် စီးပွားရေးတွက်ချေကိုက်ကြောင်း ကြက်သွန်စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

        ယခင်နှစ်ဆောင်းကြက်သွန်နီ ထွက်ပေါ်ချိန် ရောင်းဈေးမှာ တစ်ပိဿာလျှင်(၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်နှစ်ဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် တစ်ပိဿာလျှင်(၅၀၀) ကျပ် ပိုမိုရရှိပါသည်။

        ယခုအချိန်တွင် ဆောင်းကြက်သွန်နီမှာ သိုလှောင်ရန် ကောင်းသောအချိန် ဖြစ်ပြီး အမြိတ်ခြောက်၍ မာပြီး အရည်အသွေးကောင်းသော ကြက်သွန်နီများမှာ ကြာရှည်အထားခံသလို ဈေးကောင်းလည်း ရရှိကြောင်း လေ့လာသိရှိရပါသည်။

       ယခုဧပြီစတုတ္ထပတ် ဆောင်းကြက်သွန်နီ အကြီးစတစ်ပိဿာလျှင် ၁၉၀၀ ကျပ်မှ ၂၁၀၀ ကျပ်ဖြင့် လည်းကောင်း၊ အလတ်စတစ်ပိဿာလျှင် ၁၆၀၀ ကျပ်မှ ၁၈၀၀ ကျပ်ဖြင့်လည်းကောင်း၊ အသေးစတစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်ဖြင့်လည်းကောင်း ရောင်းချရပါကြောင်း ကြက်သွန်နီကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

‌ဧပြီလ စတုတ္ထပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ရွှေဘိုကုလားပဲ(V2)ဈေးနှုန်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဧပြီလ စတုတ္ထပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ‌

       မတ်လ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ကုလားပဲ(V2)များ စတင်ဝင်ရောက်ခဲ့ကြောင်း၊ ဧပြီလ စတုတ္ထပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ကုလားပဲ(V2)တစ်တင်းလျှင် (၈၀၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀)တင်း/(၁၄)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲ(V2)တစ်တင်းလျှင် (၈၀၆၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် ကုလားပဲ(V2)တစ်တင်းလျှင်(၆၀ဝိ/-)ကျပ်ဈေးနှုန်းလျော့နည်းခဲ့ကြောင်း၊ ဝင်ရောက်မှုနည်းပါးသော်လည်း ဝင်ရောက်သမျှ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူမြို့မဈေးတွင် သစ်သီးဝလံများ အရောင်းအဝယ်သွက်နေ

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် အလွန်ပူပြင်း သောနေရာဒေသတစ်ခုဖြစ်ပြီး ယခုလိုနွေရာသီတွင် သစ်သီးဝလံများဖြစ်သော စပျစ်သီး၊ ဖရဲသီး၊ လိမ္မော်သီး၊ သရက်သီး၊ ပိန္နဲသီး၊ ပန်းသီး၊ ပန်းသစ်တော်၊ ဖရဲသခွားသီး၊ စတော်ဘယ်ရီသီးနှင့်သံပုရာသီးတို့ မှာရောင်းအားကောင်း လျက်ရှိပါသည်။ သစ်သီးများစားသုံးခြင်းဖြင့် ရင်ကိုအေးမြစေခြင်း၊ အပူဒဏ်ကို သက်သာစေခြင်း တို့ကြောင့်လည်း ရောင်းအားကောင်းနေခြင်းဖြစ်ကြောင်း မြို့ဈေးသည်များထံမှ သိရှိရပါသည်။

          ၂၀၂၄ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)တွင် သစ်သီးဈေးနှုန်းများမှာ စပျစ်သီးတစ်ပိဿာလျှင် ကျပ် (၈၀၀၀မှ ၁၀၀၀၀)၊ ဖရဲသီးတစ်လုံးလျှင် ကျပ်(၃၀၀၀ မှ ၆၀၀၀)၊ လိမ္မော်သီးတစ်ပိဿာလျှင် ကျပ် (၈၀၀၀)၊ စိန်တစ်လုံး သရက်သီးတစ်လုံးလျှင် ကျပ်(၈၀၀ မှ ၁၂၀၀)၊ ပိန္နဲသီးတစ်လုံးလျှင် ကျပ်(၃၅၀၀၀)၊ ပန်းသီးတစ်လုံးလျှင်  ကျပ်(၁၀၀၀ မှ ၂၀၀၀)၊ဖရဲသခွားတစ်လုံးလျှင် ကျပ်(၂၅၀၀)၊ပန်းသစ်တော် တစ်လုံး လျှင် ကျပ်(၂၅၀၀-၃၅၀၀)၊ စတော်ဘယ်ရီတစ်ဘူးလျှင် ကျပ် (၂၅၀၀)၊သံပုရာသီးတစ်လုံးလျှင် ကျပ် (၁၅၀) တို့ဖြင့်ရောင်းချ နေကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။

လှိုင်ဥမ္မာဦး(ပခုက္ကူ)

ပခုက္ကူမြို့၌ ဖြစ်‌ပေါ်နေသော မြေပဲဈေးနှုန်းဈေးကွက်

                   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်တွင် ၂၀၂၄ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်) တွင် မြေပဲဈေးနှုန်းများ အနည်းငယ်မြင့်တက်လာခဲ့ပါသည်။ ယခုအချိန်တွင် စိုက်တောင်သူများ ဆောင်းသီးနှံမြေပဲများ အသစ်ပေါ်ချိန်ဖြစ်သော်လည်း (၃)လပဲ အဆံဖြူမျိုး စိုက်ပျိုးမှုနည်း၍ ဈေးကွက်သို့ ဝင်ရောက်မှု မရှိကြောင်း၊ မြေပဲ(ပြန့်ကြီး) လုံးဆံအနီများ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြစ်ခြေ၊ ကမ္မမြို့နယ်ရှိ ကျေးရွာများနှင့် မြိုင်မြို့နယ်အတွင်းရှိကျေးရွာများ၊ ပေါက်၊ ထီးလင်း၊ ဂန့်ဂေါ၊ ကျောက်ထု၊ ယော ဒေသများမှ ထွက်ရှိသော မြေပဲများ ပခုက္ကူမြို့သို့ ဝင်ရောက်ကြောင်း၊ ယခင်နှစ် မြေပဲသီးနှံပေါ်ချိန် တွင် ပခုက္ကူမြေပဲ ဈေးကွက်သို့ နေ့စဉ် မြေပဲတောင့် ကုန်ချိန်ပိဿာ (၃)သောင်း၊ မြေပဲလုံးဆံ(ဆီဆံ) ပိဿာ(၂)သောင်းခန့် ဝင်ရောက်ကြောင်း၊ ယခုနှစ်တွင် နယ်မြေအခြေအနေအရ မြေပဲပေါ်ချိန်တွင် ပခုက္ကူ၊ ကမ္မ၊ မြိုင်၊ ယောနယ်ဒေသများမှ ထွက်ရှိသော မြေပဲများကို ဒေသခံ ဝယ်လက်များမှတစ်ဆင့် ပခုက္ကူမြို့ပေါ်ရှိ ကုန်သည်များမှ ဝယ်ယူသိုလှောင်ထားရှိပြီဖြစ်ခြင်းကြောင့် နေ့စဉ်ကုန်အဝင်မရှိကြောင်း ပခုက္ကူမြို့ပေါ်ရှိ မြေပဲရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

              ဈေးနှုန်းအနေဖြင့် ယခင်ဧပြီလ(တတိယပတ်)တွင်မြေပဲတောင့် တစ်ပိဿာလျှင် ကျပ်(၄၀၀၀) ၊ (၃၈၀၀)၊ (၃၆၀၀)၊ မြေပဲလုံးဆံ(အနီ) တစ်ပိဿာလျှင် ကျပ်(၆၅၀၀)၊ (၆၃၀၀)၊ (၆၂၀၀)၊ မြေပဲ (ဆီဆံ)တစ်ပိဿာလျှင် ကျပ်(၅၈၀၀)၊ (၅၃၀၀) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု ဧပြီလ(စတုတ္ထပတ်)တွင် မြေပဲတောင့် တစ်ပိဿာလျှင် ကျပ်(၄၂၀၀)၊ (၄၀၀၀)၊ (၃၈၀၀)၊ မြေပဲလုံးဆံ (အနီ)တစ်ပိဿာလျှင် ကျပ်(၆၇၀၀)၊ (၆၆၀၀)၊ (၆၅၀၀)၊ မြေပဲ (ဆီဆံ)တစ်ပိဿာလျှင် ကျပ်(၆၀၀၀) ၊ (၅၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ပခုက္ကူဈေးကွက်သို့ မြေပဲဆံ၊ မြေပဲအတောင့် ကုန်ချိန်ပိဿာ အဝင်မရှိသော်လည်း မြေပဲလှောင်လက်သမားများမှ ကြိတ်ခွဲဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း၊ မြို့တွင်းမြေပဲဆားလှော်ရောင်းဝယ်ရေးလုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များမှ အဝယ် ရှိသောကြောင့် မြေပဲဈေးကွက်အနည်းငယ်မြင့်တက်လာကြောင်း သိရှိရပါသည်။

မြင့်မြင့်သန်း(ပခုက္ကူ)

မင်းဘူးမြို့ ဘိလပ်မြေဈေးနှုန်းအခြေအနေ

         မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ဈေးကွက်အတွင်း၌ အိမ်ဆောက်ပစ္စည်း တစ်မျိုးဖြစ်သည့် ဘိလပ်မြေ ဈေးနှုန်းများမှာ ၂၀၂၄ခုနှစ်၊ ဧပြီလ(တတိယပတ်)တွင် ကြံ့နှစ်ကောင် တစ်အိတ်လျှင် ကျပ်(၁၃၅၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၁၃၅၀၀)၊ အလ်ဖာ တစ်အိတ်လျှင် ကျပ်(၁၃၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

          ယခင် ဧပြီလ (ဒုတိယပတ်)တွင် ကြံ့နှစ်ကောင် တစ်အိတ်လျှင် ကျပ်(၁၃၅၀၀)၊ အလ်ဖာ တစ်အိတ်လျှင် ကျပ်(၁၁၈၀၀)၊ အပါချီ တစ်အိတ်လျှင် ကျပ်(၁၁၄၀၀)ဖြစ်၍ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုအပတ်တွင် ကြံ့နှစ်ကောင် ဈေးနှုန်းတည်ငြိမ်နေပြီး အလ်ဖာ ကျပ်(၁၂၀၀)၊ အပါချီ ကျပ်(၂၁၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း သိရှိရပါသည်။  ဈေးနှုန်းမြှင့်တက်လာရသည့် အကြောင်းရင်း မှာ သယ်ယူပို့ဆောင်ခမြှင့်တက်ခြင်း၊ ဈေးကွက်အတွင်း ပစ္စည်းဝင်ရောက်မှုလျော့နည်းခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။

ဥမ္မာသန်း(မင်းဘူး)

မကွေးမြို့၊ မြို့မစျေး၏ သင်္ကြန်မတိုင်ခင်နှင့်သင်္ကြန်အပြီး ပုဇွန်ခြောက်၊ ငါးခြောက်စျေးနှုန်းအခြေအနေ

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မြို့မစျေး၌ သင်္ကြန်မတိုင်ခင် (၁၂.၄.၂၀၂၄) ရက်နေ့တွင် ရောင်းချခဲ့သော ရေထွက်ပစ္စည်းစျေးနှုန်းများမှာ ပုဇွန်‌ခြောက်ကြီး (၁)ပိဿာလျှင် ကျပ်(၇၀၀၀၀-၈၀၀၀၀-၉၀၀၀၀)၊ ငါးဘတ်ခြောက် (၁)ပိဿာလျှင် ကျပ်(၂၈၀၀၀-၃၀၀၀၀)၊ ငါးကြီး ခြောက် (၁)ပိဿာလျှင် ကျပ် (၇၀၀၀၀-၈၀၀၀၀-၉၀၀၀၀)၊ ငါးဖောင်ရိုးခြောက် (၁)ပိဿာလျှင် ကျပ် (၂၈၀၀၀-၃၀၀၀၀)၊ ငါးအုံးမဲ (၁)ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ် (၆၀၀၀၀-၇၀၀၀၀)၊ ငါးရံ့လုံး (၁)ပိဿာလျှင် ကျပ် (၄၀၀၀၀)၊ ငါးတံခွန်ခြောက် (၁)ပိဿာလျှင် ကျပ် (၁၂၀၀၀-၁၆၀၀၀-၁၈၀၀၀)ကျပ် တို့ဖြစ်ခဲ့ပြီး သင်္ကြန်အပြီး (၂၄.၄.၂၀၂၄)ရက်နေ့တွင် ပုဇွန်ခြောက်၊ ငါးဘတ်ခြောက်၊ ငါးကြီးခြောက်၊ ငါးရံ့ ခြောက်၊ ငါးအုံးမဲတို့မှာ စျေးနှုန်းတည်ငြိမ်နေပြီး ငါးတံခွန်ခြောက် (၁)ပိဿာလျှင် ကျပ် (၂၀၀၀)၊ ငါးရံ့လုံးခြောက် (၁)ပိဿာလျှင် ကျပ် (၆၀၀၀-၈၀၀၀)၊ ငါးဖောင်ရိုး ခြောက်(၁)ပိဿာလျှင် ကျပ်(၁၀၀၀)တို့ သီးသီးစျေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း လေ့လာ သိရှိရပါသည်။

 

မျိုးဝင်း(မကွေး)

စပျစ်စိုက်ပျိုးဝင်ငွေတိုး

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်ရှိ တပ်ကုန်းကျေးရွာနှင့် ပုတီးကုန်းကျေးရွာ တို့တွင် တောင်သူများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေပိုမိုရရှိရေးအတွက် စပျစ်ခြံများ တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

          စပျစ်စိုက်တောင်သူများအနေဖြင့် နှစ်ချို့စပျစ်ပင်များကို ရှင်းလင်းပြီး နောက်ထပ် ကိုင်းကူးစပျစ် မျိုးများ ထပ်မံစိုက်ပျိုးလျှက်ရှိရာ စပျစ်ကိုင်းကူးတစ်ပင်လျှင် ကျပ်(၅၀၀)နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးလျှက်ရှိ သည်။

          ယခင်စိုက်ပျိုးသည့်စပျစ်ပင်များသည် အောင်မြင်ဖြစ်ထွန်းသော်လည်း မျိုးမကြိုက်သည့်အတွက် နောက်ထပ်မျိုးကောင်းများ ထပ်မံစိုက်ပျိုးရခြင်းဖြစ်သည်။ ယခင်စပျစ်ပင် တစ်ပင်လျှင် အသီး(၅)ပိဿာ မှ (၇)ပိဿာအထိ ထွက်ရှိပြီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀ မှ ၁၀၀၀၀)အထိ စျေးကွက်အတွင်း ရောင်းချ ရကြောင်း၊ ယခုစိုက်ပျိုးထားသော စပျစ်ပင်များသည် မျိုးကောင်းမျိုးသန့်ဖြစ်သော်လည်း အပွင့် ပွင့်ချိန် အသီးဝင်ချိန်တွင် မိုးများသည်းထန်စွာရွာသွန်းသည့်အတွက် အပွင့်များ အသီးများ ရာသီဥတုဒဏ် ကြောင့် ကြွေကျကာ အထွက်နှုန်းကျဆင်းကြောင်း စပျစ်စိုက်တောင်သူ၏ ပြောကြားချက်အရ သိရှိရပါ သည်။

 

ဆယ်မောင်(မြို့သစ်)

ဆီထွက်သီးနှံဖွံ့ဖြိုးဖို့ တောင်သူများကိုအားထားစို့

           မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ တောင်သူများအနေဖြင့် နွေစပါး၊ မိုးစပါး၊ နွေနှမ်း (မိုးကြိုနှမ်း) မိုးနှမ်း၊ မိုးမြေပဲ၊ ဆောင်းမြေပဲ၊ နေကြာ၊ ပဲစဉ်းငုံများကို အဓိကစိုက်ပျိုးလျှက်ရှိကြပါ သည်။ နွေစပါးနှင့် နွေနှမ်း(မိုးကြိုနှမ်း)များကို ဆည်ရေရသည့်ဒေသများတွင် စိုက်ပျိုးလျှက်ရှိပါသည်။

          ၂၀၂၄-ခုနှစ်၊ နွေနှမ်း(မိုးကြိုနှမ်း)ကို ဧပြီလကုန်၊ မေလများတွင် အပြီးစိုက်ပျိုးနိုင်ရန်အတွက် ထယ်ရေးပြင်ကြောင်းသိရှိရပါသည်။ နွေနှမ်းကို ယခုရာသီတွင် (၂၇၀၉)ဧကခန့်စိုက်ပျိုးရန် လျာထား ဆောင်ရွက်လျက်ရှိပါသည်။

          နွေနှမ်း(မိုးကြိုနှမ်း)ကို မိုးရေမရမီ စိုက်ပျိုးပြီး အပင်ကြီးထွားချိန်မိုးရေသောက်သုံးနိုင်ရန်အတွက် ယခုအချိန်မှစတင်စိုက်ပျိုးပြီး ဇူလိုင်လ၊ ဩဂုတ်လများတွင် ရိတ်သိမ်းမည်ဖြစ်သည်။ မြို့သစ်မြို့နယ် အနေဖြင့် ဆီထွက်သီးနှံဖြစ်သော နွေနှမ်း၊ မိုးနှမ်း၊ မိုးမြေပဲ၊ ဆောင်းမြေပဲနှင့် နေကြာသီးနှံများကို ရေမြေအနေအထားပေါ်မူတည်၍ စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

ဆယ်မောင်(မြို့သစ်)

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

             ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၂၂.၄.၂၀၂၄) မှ (၂၆.၄.၂၀၂၄) နေ့ထိ ဆန်ဝင်ရောက်မှုစာရင်း များ မှာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ၊ မြောင်းမြ၊ ဘိုက‌လေး၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဓနုဖြူ၊ ဟင်္သာတ၊ လပ္ပတ္တာ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ပေါ်ဆန်းမွှေး (၅၄၃၈၀) အိတ်၊ ပေါ်ကျွဲ (၅၉၅၂၀) အိတ်၊ ဧည့်မထ(၁၇၅၀၅၀) အိတ်နှင့် ဆန်ကွဲ (၁၉၉၁၆၀) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူး (အရှေ့) ညောင်လေးပင်နှင့် ဖြူးမြို့နယ်များမှ ဧည့်မထ (၈၂၆၆) အိတ် နှင့် ပဲခူးတိုင်း(အနောက်)၊ သာယာဝတီ၊ လက်ပံတန်း၊ သုံးဆယ်မြို့နယ်များမှ ဧည့်မထ (၂၆၂၄၅) အိတ်၊ ငစိန် (၂၇၈၆၀) အိတ်နှင့် ရန်ကုန်တို်ငး ပြင်ပမြို့နယ်များဖြစ်သော ကော့မှူး၊ လက်ခုတ်ကုန်း၊ တိုက်ကြီး၊ ပျော်ဘွယ်၊ ဥက္ကံမြို့နယ်များမှ ဧည့်မထ (၄၉၇၅၀) အိတ်တို့ဝင်ရောက်မှုရှိကြောင်း ဝါးတန်းဆန်စပါးကုန်စည်ဒိုင်၏ ပြောကြားချက်အရသိရှိရပါ သည်။

 

West DOCA (DMM)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း