Main menu

ညွှန်ကြားရေးမှူးချုပ်၏ ကိုယ်ရေးအကျဉ်း

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သော ဦးမြင့်လွင်ကို ၁၉၅၉ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တွင် မွေးဖွားခဲ့ပါသည်။ ၁၉၈၀ - ၁၉၈၃ ခုနှစ်အထိ ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တွင် သိပ္ပံဘွဲ့၊ရူပဗေဒပညာရပ်ကို သင်ကြားခဲ့ပြီး ရူပဗေဒအဓိကဖြင့် အောင်မြင်ခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် ကုန်သွယ်လယ်ယာရုံးချုပ်တွင် စီမံ(စီးပွား) အဆင့်၁ ဖြင့်စတင်လုပ်ကိုင်ခဲ့ပြီး ၁၉၉၈ခုနှစ်တွင် မြို့နယ်မန်နေဂျာ အဖြစ် လည်းကောင်း ၊ ၂၀၁၀ခုနှစ်တွင် ကောက်ပဲသီးနှံလုပ်ငန်းဌာန၊ မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊နေပြည်တော် ၌ လက်ထောက်အထွေထွေ မန်နေဂျာ အဖြစ်လည်းကောင်း၊ ၂၀၁၃ခုနှစ်တွင် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲ၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ နေပြည်တော်၌ ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း၊၂၀၁၅ခုနှစ်တွင် ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန ၌ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၂.၈.၂၀၁၈ ခုနှစ်တွင် စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။