ဖြေရှင်းဆောင်ရွက်ပေးမှုများ
ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် xxxxxxx Online Shopping မှ Brand ပစ္စည်းအတုများ ရောင်းချနေသောကြောင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ၂၇-၈-၂၀၂၀ရက်နေ့တွင် ဆက်သွယ်တိုင်ကြားလာပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ xxxxxxx Internaltional School ကျောင်းသို့ ၁၆-၁-၂၀၂၀ ရက်နေ့တွင် ငွေကျပ်(၃,၆၀၀,၀၀ဝိ/-)ကျပ် ဖြင့်ကျောင်းအပ်နှံခဲ့ရာ Covid-19 ကာလအတွင်း ကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိပါသဖြင့် ကြိုတင်ပေးသွင်းငွေများ ပြန်လည်တောင်းခံရာ ငွေပြန်အမ်းပေးခြင်း မရှိပါသဖြင့် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ တိုင်ကြားလာပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် xxxxxxx ကလေး ဦးနှောက်ဖွံ့ဖြိုးမှုသင်တန်းကျောင်း၏ ပုံမှန်သင်ကြားရေးစနစ်မှ Online Learning Programme အဖြစ် ပြောင်းလဲပို့ချရာတွင် အချက်(၈) ချက်ကို ပြင်ဆင်ထားသည့်အပြင် ကျောင်းအပ်ခမှ ၅၀% ကို ပြန်အမ်းမည့် ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် xxx Company Limited မှ ကားအရစ်ကျဝယ်ယူရန် စရံငွေ (၃) သိန်းပေးခဲ့ကြောင်း၊ နောက်ပိုင်းတခြားကိစ္စနှင့် အဆင်မပြေပါသဖြင့် Cancel ပြန်လုပ်သည့်အချိန်တွင် Refund ငွေပြန်ပေးခြင်းမရှိသောကြောင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/car.jpg?itok=cnU_mClN)
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် xxxxxxx ဆိုင်မှ xxxxxxx tab S4 အား ဝယ်ယူခဲ့ရာ အဆိုပါ ဖုန်းအား အသစ်ဟုပြောဆို၍ ရောင်းချခဲ့ပြီး warranty စစ်ဆေးချိန်တွင် ဖုန်းသက်တမ်းမှာ ရက်ပေါင်း ၇၀၀ ကျော်ရှိနေကြောင်း တွေ့ရှိရသဖြင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/2_3.png?itok=TeGwxU8Q)