Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူခရိုင်တွင်ရောင်းချနေသော ရေထွက်ကုန် ပုစွန်ခြောက်၊ ငါးခြောက်ဈေးနှုန်းများ အနည်းငယ်မြင့်တက်

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ “မြို့မဈေး”၌ ၂၀၂၄ခုနှစ်၊ မေလ ဒုတိယပတ်တွင် ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများမှာ ပုစွန်ခြောက်(အချို)ကြီး (၁)ပိဿာလျှင် ကျပ်(၅၉၀၀၀)၊ ငါးပုတ်သင်ခြောက် (အသေး)(၁)ပိဿာလျှင် ကျပ် (၁၁၅၀၀)၊ ငါးကြီးသားခြောက် (၁)ပိဿာလျှင် ကျပ်(၅၂၀၀၀)၊ မြီးဆံသွယ်ခြောက်(အချို) (၁)ပိဿာလျှင် ကျပ်(၁၁၅၀၀)၊ မြီးဆံသွယ်ခြောက်(အငန်) (၁)ပိဿာလျှင် ကျပ်(၉၀၀၀) ၊ ငါးနီတူခြောက် (၁)ပိဿာ လျှင် ကျပ် (၁၅၀၀၀)၊ လသာခြောက်(အချို) (၁)ပိဿာလျှင် ကျပ်(၁၃၅၀၀)၊ ငါးရောင်ခြောက် (၁)ပိဿာလျှင် ကျပ်(၂၄၅၀၀)၊ ပလာတူးခြောက်(အချို) (၁)ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ ငါးရံ့လုံးခြောက် (၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)နှင့် အသားမျှင်ခြောက် (၁)ပိဿာလျှင် ကျပ်(၂၈၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ပထမပတ်နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း ငါးခြောက်ရောင်းချသည့် လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

ကန့်ဘလူခရိုင်အတွင်းဖြစ်ပေါ်နေသော စပါး၊ ဆန်ဈေးနှုန်းများ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ၂၀၂၄ခုနှစ်၊ မေလ ပထမပတ်အတွင်း ဖြစ်ပေါ်ခဲ့သော စပါး၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် ငွေကျပ်၃၉၀၀၀၀၀၊ ဧရာမင်းစပါးတင်း(၁၀၀)လျှင် ငွေကျပ်၂၆၀၀၀၀၀နှင့် ရွှေဘိုပေါ်ဆန်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ငွေကျပ်၁၃၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ငွေကျပ်၁၂၀၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ရာ  ယခင်အပတ်နှင့်နှိုင်းယှဉ်ကြည့်လျှင် စပါးဈေးမှာ အနည်းငယ်မြင့်တက်နေပြီး ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြာင်း၊ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီးသို့ ဆန်အိတ်ရေ ၁၅၀၀အိတ်နှင့် ရန်ကုန်တိုင်းဒေသကြီးသို့အိတ်ရေ ၁၀၀၀၊ စုစုပေါင်း ၂၅၀၀အိတ်၊ တန်အားဖြင့် ၁၂၅တန်စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)                 

                            

ကန့်ဘလူခရိုင်အတွင်းဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြောင်းသိရှိရပါသည်။

       ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ မေလ ပထမပတ်အတွင်းဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ပန်းဖူး(50)kg တစ်အိတ်လျှင် (၈၉၀၀၀)ကျပ်၊ မြှားကမ္ဘာ(50)kg တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ အာမို(ကွန်ပေါင်း)(10:10:5) (50)kg တစ်အိတ်လျှင် (၇၉၀၀၀)ကျပ်၊ အာမို (ကွန်ပေါင်း) (15:15:15) (50)kg တစ်အိတ်လျှင် (၁၆၅၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၂၂၀၀၀)ကျပ်နှင့် ရွှေတောနစ် (၅၀၀)စီစီတစ်ဘူးလျှင် (၁၃၀၀၀)ကျပ်၊ မိုရယ်လ်မုန်း (၅၀၀)စီစီတစ်ဘူးလျှင် (၂၈၅၀၀) ကျပ်၊ ဟတ်ကာ (၅၀၀)စီစီတစ်ဘူးလျှင် (၂၅၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်ဦးစီးမှူးရုံးတွင် မြေအောက်ရေတင်စနစ်ဖြင့် စားဖိုဆောင်သီးနှံများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားရှိမှုအခြေအနေ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်ချက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်ချက်၊ ခရိုင်ဦးစီးမှူး၏ညွှန်ကြားကြီးကြပ်မှုတို့ဖြင့် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းမိသားစုများ စားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေရန်အလို့ငှာ ဒေါ်ဝေဝေအောင်က ဆောင်းရာသီ စားဖိုဆောင်သီးနှံများကို တစ်နိုင်တစ်ပိုင်အနေဖြင့် စိုက်ပျိုးထားကြောင်းသိရှိရပါသည်။

    ထိုသို့စားဖိုဆောင်သီးနှံများကို စိုက်ပျိုးထားရှိရာတွင် ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီပြီး ရာသီအလိုက် သီးနှံများဖြစ်သည့် ခရမ်းပင်၊ ချဉ်ပေါင်ပင်၊ ကန်စွန်းပင်၊ ပဲတောင့်ရှည်ပင်၊ ဖရုံပင်၊ ဘူးပင်၊ ငရုတ်ပင်နှင့် ရုံးပတီသီးပင်များကို မြေအောက်ရေတင်စနစ်ဖြင့် ကိုယ်တိုင်စိုက်ပျိုးထားရှိကာ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးသုံးစွဲခြင်းမရှိသည့်အတွက် ဘေးအန္တရာယ်ကင်းရှင်းကာ လတ်လတ်ဆတ်ဆတ်ခူးဆွတ်စားသုံးရပြီး  ဝန်ထမ်းမိသားစုဝင်များ၏ စားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေပြီး ကန့်ဘလူခရိုင်စုပေါင်းရုံးအတွင်းရှိ အခြားဌာနဝန်ထမ်းမိသားစုများကိုလည်း ပေးကမ်းဝေငှခြင်းများဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

   ဆက်လက်၍ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးဝန်ထမ်းမိသားစုများအနေဖြင့် ရာသီအလိုက် စိုက်ပျိုးရသော စားဖိုဆောင်သီးနှံမျာကိုလည်း တစ်နိုင်တစ်ပိုင်နှင့် တတ်အားသ၍ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

    အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ မေလ(၁)ရက်နေ့မှ မေလ (၇)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၁၂၀၀ မှ ၂၀၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၅၀၀ မှ ၁၅၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၆၀၀ မှ ၁၈၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၃၀၀ မှ ၂၀၀၀ အတွင်း၊ မုန့်လာဥနီ(ပိဿာ) ကျပ် ၁၅၀၀ မှ ၂၀၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၉၀၀ မှ ၂၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၁၅၀၀ မှ ၃၀၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၃၅၀၀ မှ ၄၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၆၀၀ မှ ၂၆၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၇၀၀၀ မှ ၈၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၁၂၀၀၀ မှ ၁၂၈၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၈၅၀၀ မှ ၉၀၀၀ အတွင်း၊ ဆလပ်ရွက် (စည်း) ကျပ် ၁၅၀ မှ ၄၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စည်း) ကျပ် ၈၀ မှ ၁၂၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် ၁၀၀၀ မှ ၂၂၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၅၀ မှ ၃၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၄၀၀ မှ ၁၆၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၃၅၀၀ မှ ၆၅၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၁၃၈၅၃၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၂၅၁၉၀)ကျော်၊ ဗူးသီးအလုံးပေါင်း (၁၄၄၈၀) ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၆၇၄၂)ကျော်၊ ဂေါ်ဖီ ထုပ်ပေါင်း (၄၆၉၇၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၃၀၇၈၅)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ) ပေါင်း(၁၂၉၃၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၃၂၃၀၀) ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

ကသာမြို့မှ ပုရစ်များ မြို့နယ်အသီးသီးသို့ တင်ပို့လျက်ရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်တွင် ဆောင်းမြေပဲနုတ်သိမ်းချိန် မေလမှစ၍ ပုရစ်များလှိုင်လှိုင်ပေါပြီး ဒေသတွင်းနှင့် မြို့နယ်အသီးသီးရှိ ဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။ ပုရစ်အင်းဆက်ကောင်များသည် တစ်နှစ်လျှင် (၂)ကြိမ် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပြီး ဆောင်းရာသီ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ပေါ်သောပုရစ်များကို ဆောင်းပုရစ်ဟုခေါ်၍ ယခုကဲ့သို့သော နွေရာသီ မေလတွင်ပေါ်သော ပုရစ်များကို နွေပုရစ်၊ ပဲပုရစ်ဟုခေါ်ကြသည်။

    မေလဆန်းပိုင်းတွင် မိုးစတင်ရွာပြီး မိုးရွာသွန်းမှုများသည့်အလျောက် ဧရာဝတီမြစ်ရေမြင့်တက်လာသဖြင့် မြစ်ကမ်းဘေးများတွင် စိုက်ပျိုးထားသော ဆောင်းမြေပဲခင်းများရှိ တွင်းအောင်းပုရစ်များ ရေပေါ်သို့တက်လာကြသည်။ ထိုပုရစ်များအား ဖမ်းယူကာ ဈေးကွက်အတွင်း ရောင်းချကြခြင်းဖြစ်သည်။ ပုရစ်ပေါ်စ မေလဆန်းပိုင်းတွင် အကောင် (အကြီး) တစ်ရာလျှင် (၈၀၀၀)ကျပ်ရှိပြီး အရောင်းအဝယ်ကောင်းကြောင်းသိရသည်။ ကသာခရိုင်ထွက် ပုရစ်များများမှာ နာမည်ကြီးလူကြိုက်များကြပြီး ပုရစ်ပေါ်ချိန်များတွင် ပုရစ်များအား အကောင်းအစိမ်းသော်လည်းကောင်း၊ ကြော်၍ ပလတ်စတစ်အိတ်/ ဘူးများဖြင့် ထည့်သွင်း၍သော်လည်းကောင်း ဒေသတွင်းနှင့် နီးစပ်ရာမြို့နယ်များ၊ မန္တလေး၊ ရန်ကုန်၊ မြစ်ကြီးနား စသည့်ဈေးကွက်များသို့ တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများ

     ၆.၅.၂၀၂၄ ရက်နေ့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ရေထွက်ကုန်ပစ္စည်းများ၏ တစ်ပိဿာ ဈေးနှုန်းများမှာ ဖျာပုံရွှေပုဇွန်ရှယ် အနိမ့်ဆုံးဈေးမှာကျပ် ၈၅၀၀၀ မှ အမြင့်ဆုံးဈေးမှာ ကျပ် ၁၀၀၀၀ ၊ ဖျာပုံရွှေပုဇွန်ရိုးရိုးကျပ် ၇၀၀၀၀မှ  ကျပ် ၇၅၀၀၀၊ ဖျာပုံချိုကြီးရှယ် ကျပ် ၆၀၀၀၀ မှ ကျပ် ၇၀၀၀၀၊ ဖျာပုံချို သေးရှယ်ကျပ် ၄၀၀၀၀မှ ကျပ် ၅၀၀၀၀၊ ဖျာပုံချိုသေးရိုးရိုးကျပ် ၂၅၀၀၀ မှကျပ် ၃၅၀၀၀ ၊ ရခိုင်ရွှေပုဇွန်ရှယ်မှာ ကျပ် ၇၀၀၀၀ မှ ကျပ် ၈၀၀၀၀ ၊ ရခိုင်ရွှေပုဇွန်ရိုးရိုးကျပ် ၅၀၀၀၀ မှ ကျပ် ၆၀၀၀၀ ၊ငါးကျီးကြပ်တိုက်ကြီး  အနိမ့်ဆုံး ကျပ် ၇၀၀၀၀ မှ ကျပ် ၇၅၀၀၀ ၊ ငါးကျီးကြပ်တိုက်သေး  အနိမ့်ဆုံး ကျပ် ၄၅၀၀၀ မှ ကျပ် ၅၀၀၀၀၊ ငါးမြွေထိုးကျပ် ၃၅၀၀၀ မှ ကျပ် ၄၀၀၀၀၊ ငါးရံ့ခြောက်ကြီး ကျပ် ၆၅၀၀၀ မှ ကျပ် ၇၀၀၀၀၊ ငါးရံ့ခြောက်လတ်ကျပ် ၄၅၀၀၀ မှ ကျပ် ၅၅၀၀၀၊ ငါးရံ့လုံး ကျပ် ၃၅၀၀၀ မှ ကျပ် ၄၀၀၀၀၊ ကလိန် ကျပ် ၉၅၀၀ မှ ကျပ် ၁၀၀၀၀ ၊ ငါးကွမ်းရှပ်ကျပ် ၃၀၀၀၀ မှ ကျပ် ၃၅၀၀၀၊ ငါးတံခွန်မျှင်ကြီးကျပ် ၁၀၀၀၀ မှ ကျပ် ၁၅၀၀၀၊ ငါးနှပ်ချို ကျပ် ၂၅၀၀၀ မှကျပ် ၃၀၀၀၀ ၊ ငါးပုပ်သင် တစ်ပိဿာကျပ် ၂၀၀၀၀ မှ ကျပ် ၂၅၀၀၀၊ ငါးရောင်ကြီး ကျပ် ၃၅၀၀၀မှ ကျပ် ၄၅၀၀၀ ၊ငါးရောင်လတ် ကျပ် ၂၅၀၀၀မှ ကျပ်၃၅၀၀၀ ၊ ဆီငါးရောင် ကျပ် ၃၅၀၀၀ မှ ကျပ် ၄၀၀၀၀ ၊ ငါးရွှေသေး ကျပ် ၁၅၀၀၀ မှ ကျပ် ၂၀၀၀၀၊ ငါးမီးတံသွယ် ကျပ် ၄၀၀၀ မှ ကျပ် ၄၅၀၀၊ ငါးဘူးစိ ကျပ် ၇၀၀၀ မှ ကျပ် ၈၀၀၀ ဈေးတို့ အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာငှက်ပျောအသင်းသို့ ငှက်ပျောသီး ဝင်ရောက်မှုနှင့် ဈေးနှုန်းများ

      ဗားကရာငှက်ပျောအသင်းမှ ၁.၅.၂၀၂၄ မှ ၇.၅.၂၀၂၄ ရက်နေ့အထိ ငှက်ပျောသီး ဝင်ရောက်မှုစာရင်းနှင့် ဈေးနှုန်းများမှာ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း၊ စစ်ကိုင်းတိုင်း ရွှေဘိုနယ်ဘက်မှ ကားအစီးရေ အရင်အပတ်ထက် ၃ ပုံ ၁ ပုံလျော့ကျသွားကြောင်း၊ နေပြည်တော်မှ ငှက်ပျောဝင်ရောက်မှုမှာ လေတိုက်ခတ်မှုရှိသဖြင့် ငှက်ပျောဝင်ရောက်မှု တစ်ဝက် ကျဆင်းမှုရှိကြောင်း၊ မန္တလေးတိုင်းမှ ငှက်ပျောဝင်ရောက်မှုမှာ ပုံမှန်ဝင်ရောက်ကြောင်း၊ ငှက်ပျော ဈေးနှုန်းများမှာ ယခင်အပတ်ထက် ငှက်ပျောစုံ ဈေးနှုန်းများသည် ပုံမှန်ဈေးနှင့် ဖီးကြမ်းငှက်ပျောမှာ ဈေးအနည်းငယ်တက်ကြောင်း ငှက်ပျောအသင်းအတွင်းရေးမှူး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

 

(၁.၅.၂၀၂၄) ရက်နေ့မှ ( ၆.၅.၂၀၂၄) ရက်နေ့ထိ လှိုင်မြို့နယ် လှိုင်ဈေးကြီး အတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

      မီးဖိုချောင်သုံးစားသောက်ကုန်ပစ္စည်းဈေးနှုန်းများနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ ဖြစ်သော  ကြက်သွန်နီ တစ်ပိဿာ ၂၅၀၀ မှ ၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၁၂၀၀၀  မှ ၁၅၀၀၀ ကျပ်၊ ငရုတ်သီးပု တစ်ပိသာ ၂၅၀၀၀ ကျပ်၊ ငရုတ်ရှည် တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၃၀၀၀ ကျပ်၊ ချင်း တစ်ပိဿာ ၁၁၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာ ၃၅၀၀ မှ ၄၀၀၀ ကျပ်၊ ကုလားပဲ တစ်ပိဿာ ၆၀၀၀ မှ ၇၀၀၀ ကျပ်၊ ပဲနီလေး တစ်ပိဿာ ၈၀၀၀ မှ ၁၀၀၀၀ ကျပ်၊  ပဲဝါလေး တစ်ပိဿာ ၄၀၀၀ မှ ၅၀၀၀ ကျပ်၊ ဆားတစ်ပိဿာ ၁၀၀၀ မှ ၁၂၀၀ ကျပ်တို့ဖြစ်ပြီး ဟင်းသီးဟင်းရွက် ဈေးနှုန်းများမှာ ခရမ်းချဉ်သီး တစ်ပိဿာ ၂၅၀၀ ကျပ်၊ ကန်စွန်းရွက် တစ်စည်း ၅၀၀ ကျပ်၊ ဟင်းနုနွယ် တစ်စည်း ၄၀၀ ကျပ်၊ ချည်ပေါင်ရွက်တစ်စည်း ၂၅၀ ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ် ၆၀၀ ကျပ်၊ ပန်းဂေါ်ဖီ တစ်ထုပ် ၁၈၀၀ ကျပ်၊ မုန်လာဥနီ တစ်ပိဿာ ၆၀၀၀ ၊ သခွားသီး အသေးတစ်လုံး ၂၅၀ ကျပ်၊ ငါးခြောက်ဈေးနှုန်းများမှ အာပြဲခြောက် တစ်ပိဿာ ၃၅၀၀၀ မှ ၄၀၀၀၀ ကျပ်၊ ငါးတံခွန်ခြောက် တစ်ပိဿာ ၂၅၀၀ ကျပ်၊  ငါးနီတူခြောက် တစ်ပိဿာ ၃၅၀၀ ကျပ်၊ ကြက်ဥတစ်လုံး  ၂၆၀ မှ ၃၀၀ ကျပ်၊ ဘဲဥတစ်လုံး ၃၆၀ မှ ၄၀၀ ကျပ် ၊ ပုစွန်ခြောက် တစ်ပိဿာ ၉၀၀၀ မှ ၁၈၀၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

(၁.၅.၂၀၂၄) ရက်နေ့မှ (၇.၅.၂၀၂၄) ရက်နေ့ထိ လှိုင်မြို့နယ်၊ ရွှေပိတောက်ငါးဈေး အတွင်းရှိ ငါးဈေးနှုန်းများ

      ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်းရှိ ရွှေပိတောက်ငါးဈေးတွင် (၁.၅.၂၀၂၄) မှ (၇.၅.၂၀၂၄) ထိဝင်ရောက်ခဲ့သော ရေချိုငါးများမှာ ငါးမြစ်ချင်း တစ်ပိဿာ အနိမ့်ဆုံး ၃၀၀၀ မှ အမြင့်ဆုံး ၈၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၅၀၀၀ မှ ၁၃၀၀၀ ကျပ်၊ ငါးသလောက် တစ်ပိဿာ ၉၅၀၀ မှ ၄၅၀၀၀ ကျပ်၊ ငါးခေါင်းပွ တစ်ပိဿာ ၄၀၀၀ မှ ၈၀၀၀ ကျပ်၊ ငါးဘတ် တစ်ပိဿာ ၉၀၀၀ မှ ၂၅၀၀၀ ကျပ်၊ ကကတစ် တစ်ပိဿာ ၁၄၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ငါးနုသန်း တစ်ပိဿာ ၁၁၀၀၀ မှ ၁၇၀၀၀ ကျပ်၊ ငါးခူ တစ်ပိဿာ ၃၅၀၀ မှ ၁၂၀၀၀ ကျပ်၊ ငါးဖီးမ တစ်ပိဿာ ၃၅၀၀ မှ ၇၀၀၀ ကျပ်၊ ငါးတန်(မြစ်) တစ်ပိဿာ ၆၀၀၀ မှ ၉၀၀၀ ကျပ်၊ ငါးတန်(မွေး) တစ်ပိဿာ ၂၃၅၀၀ မှ ၆၅၀၀ ကျပ်၊ ငါးခုံးမ တစ်ပိဿာ ၂၀၀၀ မှ ၄၅၀၀ ကျပ်၊ ငါးရံ့ တစ်ပိဿာ ၉၀၀၀ မှ ၁၆၀၀၀ ကျပ်၊ ပုဇွန်(ကျော့) တစ်ပိဿာ ၁၂၀၀၀ မှ ၄၀၀၀၀ ကျပ်၊ ပုဇွန်တစ်ပိဿာ ၂၅၀၀၀ မှ ၄၅၀၀၀ ကျပ်၊ ငါးမျက်ကြယ် တစ်ပိဿာ ၃၀၀၀ မှ ၄၅၀၀ ကျပ်၊ ပီဇာ တစ်ပိဿာ ၄၅၀၀ မှ ၅၅၀၀ ကျပ်၊ ငါးနှပ်(အာပြဲခြောက်) တစ်ပိဿာ ၂၀၀၀ မှ ၄၀၀၀ ကျပ်၊ ကင်းမွန် တစ်ပိဿာ ၁၃၀၀၀ မှ ၁၈၀၀၀ ကျပ်၊ ပလာတူး တစ်ပိဿာ ၄၅၀၀ မှ ၆၀၀၀ ကျပ်၊ ရွှေငါး တစ်ပိသာ ၄၅၀၀ မှ ၆၀၀၀ ကျပ်၊ ပြည်ကြီးငါး တစ်ပိဿာ ၃၀၀၀၀ မှ ၄၅၀၀၀ ကျပ်တို့ရှိကြောင်း ရွှေပိတောက်ငါးဈေးထံမှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း