Main menu

ဝေါမြို့နယ်၊ ထိန်တပင်ကျေးရွာ၏ ဒေသထွက်ကုန် ကြက်ဥခေါက်မုန့်

Powered by Drupal

      နေ့လယ်နေ့ခင်း၌ ကလေးများအတွက် အဆာပြေစာ၊ မုန့်ပဲသားရေစာနှင့် မနက်စာအနေဖြင့် ကော်ဖီနှင့်ပင်စားစား စားကောင်းပြီး လုပ်ရသည်မှာလည်းလွယ်ကူသော မြန်မာ့ရိုးရာအာဟာရပြည့် ကြက်ဥခေါက်မုန့်လုပ်ငန်းကို ဝေါမြို့တွင် အိမ်ထောင်ရှင်မများသည် အိမ်တွင်းစီးပွားရေးအနေဖြင့် တစ်နိုင်တစ်ပိုင် ပြုလုပ်ရောင်းကြကြောင်းသိရှိရသည်။ ကြက်ဥခေါက်မုန့်ကို တစ်နေ့လျှင် ဆန် (၃) ပြည်ခန့်ပြုလုပ်ကြောင်း၊ ဆန်(၁) ပြည်လျှင် ထန်းလျက် ၆၀ကျပ်သား၊ နှမ်းအနက် ၅ကျပ်သား၊ ကြက်ဥ ၆လုံး၊   အုန်းသီး (၁) လုံး၊ ဆီ (၅) ကျပ်သား ၊ မီးသွေး ၁ပိဿာ ၅၀ကျပ်သားသုံးရကြောင်းသိရှိရပြီး ကုန်ကျစရိတ်အနေဖြင့်  ဆန် (၁) ပြည်လျှင် ပျှမ်းမျှအားဖြင့် ငွေကျပ် ၁၉၅၀၀ခန့်ကုန်ကျပြီး  လုပ်သားဦးရေ (၂) ဦးရှိပြီး    ကြက်ဥခေါက်မုန့်အခု ၁၈ခုပါ ၁၄ဖာရရှိ၍ တစ်နေ့လျှင် အကျိုး အမြတ်အနေဖြင့် ပျှမ်းမျှ (၁၅၀၀၀-၂၀၀၀၀) ကျပ်ခန့်ရရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ကြက်ဥခေါက်မုန့်အခု ၁၈ခုပါ တစ်ဖာလျှင် ငွေကျပ် ၂၀၀၀ဖြင့် လက်ကား ရောင်းချကြောင်း၊ ဈေးကွက်အနေဖြင့် ဝေါမြို့ပေါ်ရှိ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များ၊  မုန့်ဆိုင်များသို့ ဖြန့်ဖြူးရောင်းချကြောင်း၊ လုပ်ငန်းလည်ပတ်သည်မှာ နေ့စဉ်ဖြစ်၍ နားရက်မရှိသောကြောင့် ရောင်းအားအနေဖြင့်လည်း ပုံမှန်လည်ပတ်ရသည်ဖြစ်၍ မိသားစုတစ်နိုင်တစ်ပိုင်ဝင်ငွေရရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)