Main menu

ပုသိမ်မြို့တွင်း သီဟိုဠ်ဈေးကွက် ဖေဖော်ဝါရီလ ဈေးနှုန်းမှ ယခုမေလဆန်းဈေးနှုန်းကျဆင်း အရောင်းအဝယ်ဖြစ်

Powered by Drupal

     ပုသိမ်မြို့ပေါ် ပြည်ပပို့ကုန်သီဟိုဠ်ဈေးကွက်မှာ ရာသီသီးနှံအဖြစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ဈေးကွက်ဝင်ရောက်လျက် မေလဒုတိယပတ်ရောက်လျှင် သီဟိုဠ်ရာသီပြီးဆုံးသွားကြောင်း သီဟိုဠ်အဝယ်ဒိုင်များမှ သိရသည်၊၊ သီဟိုဠ်ပေါ်ချိန် မြို့ပေါ်တွင် အဝယ်ဒိုင် (၅)ဒိုင်ခန့်မှ သီဟိုဠ်စေ့များကိုဝယ်ယူ၍ ရန်ကုန်မြို့ပေါ်သို့ အဓိကတင်ပို့မှုရှိပြီး ရန်ကုန်စက်မှုဇုန်ရှိ သီဟိုဠ်ခွဲစက်များမှ ကုန်ချောပြုလုပ်ကာ ပြည်တွင်း/ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမှုရှိကြောင်း ဈေးကွက်မှသိရသည်၊၊

    သီဟိုဠ်ပေါ်ချိန် ဖေဖော်ဝါရီလနောက်ဆုံးပတ်၌ တစ်ပိဿာလျှင် ၄၈၀၀/၅၀၀၀ ကျပ်ဈေးဖြင့် ဝယ်ယူမှုရှိသော်လည်း သီဟိုဠ်စေ့လှိုင်လှိုင်ပေါ်ချိန် မတ်၊ ဧပြီလများတွင် သီဟိုဠ်ဈေးနှုန်းမှာ နေ့စဉ်တစ်ပိဿာ ၁၀၀/ ၂၀၀ ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ယခုမေလဆန်း ပထမပတ်တွင် သီဟိုဠ်စေ့တစ်ပိဿာကို ၃၅၀၀/၃၆၀၀ဈေးနှင့် အရောင်းအဝယ်ဖြစ်နေကြောင်း ယခင်နှစ်များမှာ ယခုလိုအချိန်မိုးရွာသွန်းပါက သီဟိုဠ်စေ့မှာ မိုးမိသည့်အတွက် အရောင်မှာ မဲသွား၍ အရည်အသွေးကျဆင်းပြီး သီဟိုဠ်တစ်ပိဿာလျှင် ၂၅၀၀ ကျပ်ဈေးအတွင်းသာ ဝယ်ယူမှုရှိကြောင်း ဈေးနှုန်းအနည်းငယ်ကျဆင်းမှုရှိသော်လည်း အထွက်ကောင်းသည့်အတွက် တွက်ခြေကိုက်မှုရှိကြောင်း သီဟိုဠ်စိုက်တောင်သူ/ ကုန်သည်များထံမှ သိရသည်၊၊

DOCA(ဧရာဝတီ)