သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

      ၂၀၂၄ခုနှစ်၊ မေလ ၉ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကန့်ဘလူမြို့မဈေးရှိ ဆန်လက်လီရောင်းချသည့်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်များအနေဖြင့် ဒေသတွင်းရှိ ဆန်စက်များမှဝယ်ယူ၍ ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချရန်သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းများမပြုလုပ်ရန် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့ပေါ်ရှိ တိုင်းရင်းဆေးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ ၄၁ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုမရှိသော ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ချောင်းဦးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း (၁) ဦး တို့ဦးဆောင်၍ ခရိုင်တိုင်းရင်ဆေးပညာဦးစီးဌာနမှ ဝန်ထမ်း(၁)ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်း(၁)ဦးတို့သည် (၈-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြိုပေါ်ရှိ တိုင်းရင်းဆေးအရောင်းဆိုင်များသို့သွားရောက်ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

       ထိုသို့ဆောင်ရွက်ရာ မုံရွာမြို့ပေါ်ရှိ တိုင်းရင်းဆေးအရောင်းဆိုင်များတွင်  ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များရောင်းချနေခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး ကုန်အညွှန်အမှတ်အသားဖော်ပြချက်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“ဆာကူလာ” သစ်သီးယိုမျိုးစုံလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် ၂၀၂၄ခုနှစ်၊ မေလ   ၉ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ “ဆာကူလာ”  သစ်သီးယိုမျိုးစုံလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း (၁၈) အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဆေးဂိုဒေါင်များနှင့် ဆေးဆိုင်ကြီးများသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

     မန္တလေးတိုင်းဒေသကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများကို ဒေသတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများ ရှိ/မရှိ စိစစ်ကြပ်မတ် ဆောင်ရွက်ရန်အတွက် (၈-၅-၂၀၂၄)ရက်နေ့၊နံနက် (၁၀:၀၀)နာရီတွင် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါကုမ္ပဏီများ၏ ဆေးနှင့် ဆေးပစ္စည်းလက်ကျန် စာရင်းများနှင့် မြေပြင်သိုလှောင်ထားမှုအခြေအနေများအား မှန်ကန်မှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခြင်း၊ ဆေးဝါးများ နည်းစနစ်မှန်ကန်စွာ သိုလှောင်ထားမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ၎င်းနောက် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မရှိစေရေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး FDA ၏ ညွှန်ကြားချက်များအား အတိအကျလိုက်နာရန် လိုအပ်ပါကြောင်းနှင့် ကုမ္ပဏီများအနေဖြင့်လည်း လိုင်စင်/တင်သွင်းမှုကိစ္စများအခက်အခဲ၊ ထူးခြားမှုတစ်စုံတစ်ရာ ရှိပါကအချိန်မီ တင်ပြသွားရန်နှင့် မြေပြင်ကွင်းဆင်းကြည့်ရှု့ပြီး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးရှင်းလင်းခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

စစ်ကိုင်းမြို့ပေါ်ရှိ ဆန်၊ ဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊  ခရိုင်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ခုနှစ်၊ မေလ ၈ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဆန်၊ ဆီအရောင်းဆိုင်များဖြစ်သော တော်ဝင်၊ မြနှင်းဆီနှင့် မေတ္တာရှင်ဆိုင်များသို့သွားရောက်ကွင်းဆင်း၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရန် သိုလှောင်ထားခြင်းများမပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီးဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ စစ်ကိုင်းမြို့ပေါ်ရှိ ဆန်၊ ဆီအရောင်းဆိုင်များဖြစ်သော တော်ဝင်၊ မြနှင်းဆီနှင့် မေတ္တာရှင်ဆန်၊ ဆီအရောင်းဆိုင်များအနေဖြင့် ဆန်များကို ရွှေဘိုမြို့မှ အများဆုံးဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့သို့ သွားရောက်ဝယ်ယူ၍သော်လည်းကောင်း၊ မိမိတို့ဆိုင်များသို့ အရောက်ပို့၍သော်လည်းကောင်း ဝယ်ယူကြောင်း၊ ရောင်းလိုအားရှိသလောက် ဝယ်ယူကြောင်း၊  စစ်ကိုင်းမြို့ပေါ်ရှိ ပြည်သူများ ကြိုက်နှစ်သက်စွာဝယ်ယူသုံးစွဲသော အများဆုံးဆန်မှာ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းနှင့် မနောသုခဆန်များဖြစ်ပြီး၊ ဆန်အမျိုးအစားအလိုက် (၂၄) ပြည်ပါ တစ်အိတ်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း   ကျပ်(၁၅၅၀၀၀ မှ ၁၆၀၀၀၀)၊ ဧရာမင်း ကျပ်( ၁၃၀၀၀၀ မှ ၁၆၀၀၀၀) နှင့် မနောသုခ ကျပ် (၉၆၀၀၀ မှ ၁၀၀၀၀၀)  ဈေးနှုန်းအသီးသီးဖြင့် ရောင်းချကြကြောင်း၊ ဆန်များကို သိုလှောင်ထားခြင်းမရှိဘဲ ရောင်းအားရှိသလောက် မှာယူရောင်းချသောကြောင့် ဆန်သိုလှောင်သော ဆန်ဂိုဒေါင်များမရှိပါကြောင်း၊ အရောင်းဆိုင်များတွင်သာ လိုသလောက် ဝယ်ယူရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)

မန္တလေးမြို့တွင်းရှိ ဆန်အရောင်းဆိုင်များနှင့် ဆန်သိုလှောင်ရုံများအားအဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

        မန္တလေးမြို့အတွင်း ဆန်ဈေးနှုန်းများ မြင့်တက်ခြင်းမရှိစေရန်နှင့် ဈေးနှုန်းမြင့်တင် ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများရှိ၊ မရှိ သိရှိနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးတိုင်းဦးစီးမှူးရုံးမှ ဒုတိယတိုင်း ဒေသကြီးဦးစီးမှူး  ဦးဆောင်၍ မြို့နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဗဟိုစာရင်းအင်းအဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မန္တလေးမြို့တွင်းရောင်းချလျက်ရှိသော ဆန်သိုလှောင်ရုံများနှင့် ဆန်ဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး သိုလှောင်ရုံ/ ပွဲရုံများအတွင်း ဆန်လက်ကျန် အခြေအနေများ၊ လက်ရှိရောင်းချနေသောဈေးနှုန်းများနှင့် ဆန်ဝင်ရောက်မှုအခြေအနေ၊ ဈေးကွက်ဖြန့်ဖြူးမှုအခြေနေများနှင့် အရောင်းအဝယ်ဈေးကွက်အခြေနေများကို  မေးမြန်းခဲ့ကြကြောင်းသိရှိရပြီး ဆန်ဈေးနှုန်းမြင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဈေးကစားခြင်းရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်နိုင်သည့် အခြေအနေ များကို   ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

    ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၁၀-၅-၂၀၂၄) ရက်နေ့တွင် ဗန်းမော်မြို့ရှိ ခေါက်ဆွဲထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသော စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက်နှင့်ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း စသည့်အချက်များ၊ ကုန်စည်/ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်/ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ သိကောင်းစရာများ၊ စားအုန်းဆီနှင့်ပတ်သက်၍ သိကောင်းစရာများအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)

“ ခရမ်းမြို့နယ်ရှိ အသင့်သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ခရမ်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းအမျိုးမျိုးကိုဝယ်ယူစားသုံးရာ၌ အစားအစာဘေးကင်းလုံခြုံမှုရှိစေရန်နှင့် စနစ်တကျဝယ်ယူစားသုံးတတ်စေရန်ရည်ရွယ်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ၂၀၂၄ခုနှစ်၊ မေလ(၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်၌စည်ပင်သာယာမြို့မဈေး ပြင်ပရပ်ကွက်များတွင် ရောင်းချလျက်ရှိသော အအေးနှင့်မုန့်မျိုးစုံစတိုးဆိုင်များသို့သွားရောက်ကာ အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် ခရမ်းမြို့နယ်၊ စည်ပင်သာယာမြို့မဈေး၏ အရှေ့ခြမ်း၊ အမှတ်(၄)ရပ်ကွက်ရှိ လန်းဆန်းစတိုးဆိုင်၊ အမှတ် (၆) ရပ်ကွက်ရှိ မင်းကြီးစတိုးဆိုင်၊ အမှတ်(၇)ရပ်ကွက်ရှိ ချောစုကုန်မျိုးစုံအရောင်းဆိုင်များသို့သွားရောက်ခဲ့ပြီး စတိုးဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာရမည့်အချက်များ၊ မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက် ရေးသားဖော်ပြရမည့်အချက်များ၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် စံချိန်၊ စံညွှန်းများနှင့်ကိုက်ညီမှုမရှိသော စားသောက်ကုန်ပစ္စည်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံစွာ မပါရှိသော အသင့်သောက်အချိုရည်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ခွင့်ပြုချက်မပါရှိသော သက်တမ်းကုန်နေသည့် အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်စေရန် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အကြံပြုဆွေးနွေးခဲ့ပြီး အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)        

“ သန်လျင်မြို့နယ်၌ စားအုန်းဆီရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ စားအုန်းဆီအရောင်းကိုယ်စားလှယ်ဆိုင်များတွင် လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချနေမှုအခြေအနအား ၂၀၂၄ခုနှစ်၊ မေလ(၆)ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားအုန်းဆီတရားမဝင်သိုလှောင်ဖြန့်ဖြူးခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ရောနှောဆီများရောင်းချခြင်းရှိ/ မရှိတို့အတွက် စစ်ဆေးရေးအဖွဲ့၏ တာဝန်ရှိသူများဖြစ်သော မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းအဖွဲ့သည် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ စားအုန်းဆီ လက်လီ/ လက်ကားအရောင်းကိုယ်စားလှယ်ဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ သန်လျင်မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဈေးနှုန်းမှန်ကန်စွာ စားအုန်းဆီများကို အခက်အခဲမရှိဘဲ ဝယ်ယူစားသုံးနိုင်ရေး၊ သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချစေရေး၊ ရောနှောဆီများဖြင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုများမရှိစေရေး၊ စားအုန်းဆီများကို တရားမဝင်သိုလှောင်ထားရှိမှုများမရှိစေရေး၊ ရရှိသည့်ခွဲတမ်းများအလိုက် အခြေခံလက်ကားရည်ညွှန်းဈေးအား မိမိတို့အနေဖြင့် မိမိတို့ဒေသအရောက် သယ်ယူစရိတ်ပါ (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်း အမှန်တကယ်ဖြန့်ဖြူးရောင်းချပေးကြရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး စားအုန်းဆီရောင်းချနေမှုအခြေအနေအား ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Myanmar Jack Way Packaging ပလတ်စတစ်ဆေးရိုက်စက်ရုံအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ မြောက်ပိုင်းခရိုင်အတွင်းရှိ စက်မှုဇုန်များတွင် စီးပွားရေးလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များ၏ လုပ်ငန်းဆောင်ရွက်မှုအခက်အခဲများကိုသိရှိနိုင်ရန် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဦးအောင်တင်စိုးနှင့်ဝန်ထမ်းများသည် အမှတ်(၆၈/၆၉)၊ လှသိင်္ဂီလမ်း၊ ဇုန်(၃)၊ ရွှေပြည်သာမြို့နယ်ရှိ Myanmar Jack Way Packaging ပလတ်စတစ်ဆေးရိုက်စက်ရုံသို့ သွားရောက်စစ်ဆေးခဲ့ရာ လုပ်ငန်းမှာ အပြီးပိတ်သိမ်းထားရှိပြီးဖြစ်ပါသည်။ မြေပြင်တွင် Multi Pack Plastic လုပ်ငန်းလုပ်ကိုင်ရန် ပြင်ဆင်နေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ