ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal
25 Mar 2024

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေတိုင်ကြားသူသည် မော်တော်ယာဉ်လိုင်းတစ်ခုဖြင့် ကျောက်ပန်းတောင်းမြို့မှ မကွေးမြို့သို့ လိုက်ပါခဲ့ရာ ကားနောက်ဖုံးထဲ၌ တင်ဆောင်လာသော ကတ္တားခေါင်းတစ်ခု တန်ဖိုးငွေ ကျပ်(၁)သိန်းခန့်၊ Service ကဒ်(၂)ကဒ် တန်ဖိုးငွေကျပ် (၁)သိန်းခန့်၊ ပုဆိုးသစ်(၃)ကွင်း တန်ဖိုး ငွေကျပ်၂၁,၀၀၀/- ၊ ဝမ်းဆက် (၃)စုံ တန်ဖိုးငွေကျပ် ၃၁,၈၀၀/-၊ စောင်တစ်ထည်တန်ဖိုးငွေကျပ် ၁၀,၀၀၀/-၊ စုစုပေါင်းတန်ဖိုးငွေကျပ်၂၆၂,၈၀၀/-အပြင် ငွေသား (၄၃) သိန်းပါသော ခရီးဆောင်အိတ်မှာ ကားနောက်ဖုံးလှပ်၍ ပြုတ

25 Mar 2024

     ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်နေ တိုင်ကြားသူ သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ပြည်မြို့သို့ မော်တော်ယာဉ်လိုင်းတစ်ခုဖြင့် စီးနင်းလိုက်ပါလာ ခဲ့ရာ ပြည်မြို့သို့ရောက်ရှိချိန်တွင် ၎င်း၏ခရီးဆောင် အိတ်မပါရှိတော့သဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာန၊ ပြည် ခရိုင်ဦးစီးမှူးရုံးသို့ စာဖြင့် တိုင်ကြားလာပါသည်။

23 Feb 2024

    မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် RC နှစ်ထပ်အဆောက်အဦအား ကုန်ကျစရိတ်နှင့်လက်ခအပြီး ငွေကျပ်(၃၄၅)သိန်းဖြင့်  ကန်ထရိုက်လုပ်ငန်းရှင်တစ်ဦးထံ စာချုပ်ချုပ်ဆိုအပ်နှံခဲ့ရာ စာချုပ်ချုပ်ဆိုသည့်နေ့တွင် ငွေကျပ် (၃၂၃) သိန်း ပေးချေခဲ့ပြီး ကျန်ငွေ (၂၂)သိန်းကို ၁၅-၇-၂၀၂၂ ရက်နေ့တွင် အပြီးပေးချေမည်ဖြစ်ကြောင်းနှင့် အဆောက်အဦအား ၅-၈-၂၀၂၃ ရက်နေ့အပြီး ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြပြီး ကျန်ငွေ(၂၂)သိန်းပေးချေပြီးသော်လည်း ကန်ထရိုက်မှအဆောက်အ

23 Feb 2024

    ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် ကားရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုထံမှ အရစ်ကျ ဝယ်ယူထားသော မော်တော်ယာဉ် (သို့မဟုတ်) အရစ်ကျ ပေးသွင်းထားသောငွေများ ပြန်လည်ရယူလိုသောကြောင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ Email မှတဆင့် တိုင်ကြားလာပါသည်။

23 Feb 2024

     ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)နေ တိုင်ကြားသူတစ်ဦးသည် အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုမှ အင်တာနက်စာချုပ် ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာသော နစ်နာမှုများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသောကြောင့် စားသုံးသူရေးရာ ဦးစီးဌာနသို့ Email မှတဆင့် တိုင်ကြားလာပါသည်။

Pages