တောင်ငူမြို့တွင် Octane 92 နှင့် Octane 95 ဈေးအနည်းငယ်တက်

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် လွန်ခဲ့သည့် ၂၀၂၄ခုနှစ်၊ ဧပြီလ ၆ရက်နေ့၌ Octane 92 တစ်လီတာလျှင် ၂၈၃၅ကျပ်၊ Octane 95 တစ်လီတာလျှင် ၂၉၅၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၄၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၉၅ကျပ်ရှိပါသည်။ 

      ၂၀၂၄ခုနှစ်၊ မေလ ၆ရက်နေ့တွင် တောင်ငူမြို့၊ New Day စက်သုံးဆီဆိုင်၌ Octane 92 တစ်လီတာလျှင် ၂၈၇၀ကျပ်၊ Octane 95 တစ်လီတာလျှင် ၂၉၈၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၄၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၉၀ ကျပ်ရှိပါသည်။

        အုတ်တွင်းမြို့၊ Petro K စက်သုံးဆီအရောင်းဆိုင်တွင်  Octane 92  တစ်လီတာလျှင် ၂၈၇၀ကျပ်၊ Octane 95 တစ်လီတာလျှင် ၂၉၈၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၄၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၈၅ ကျပ်ရှိပါသည်။

        ရေတာရှည်မြို့၊ "အောင်မေတ္တာ" စက်သုံးဆီအရောင်းဆိုင်တွင်  Octane 92 တစ်လီတာလျှင် ၂၈၇၅ကျပ်၊ Octane 95 တစ်လီတာလျှင် ၂၉၈၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၄၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၉၀ကျပ်ရှိပါသည်။

      သို့ဖြစ်၍ တစ်လအတွင်း Octane 92 တစ်လီတာလျှင် ၃၅ကျပ်၊ Octane 95 တစ်လီတာလျှင် ၃၅ကျပ်ဈေးနှုန်းမြင့်တက်ပြီး ဒီဇယ်နှင့် ပရီမီယံဒီဇယ်မှာ ယခင်ဧပြီလရှိ ဈေးနှုန်းအတိုင်း တည်ငြိမ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)