၂၀၂၄ခုနှစ်၊ မေလ ဒုတိယပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဆင်းမှုအခြေအနေ

Powered by Drupal

      ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းဒေသတွင် ပြောင်းသီးနှံမှာတစ်ပိဿာလျှင် အမြင့်ဈေး ၈၈၀ကျပ်ဖြင့် လက်ကျန်ပါး၍ စီးဆင်းမှုမှာလည်းကျဆင်းနေပါသည်။ ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး၁-၇၅၀၀ကျပ်၊ ထူး၂-၇၈၀၀ကျပ်၊ ထူး၃-၈၂၀၀ကျပ်၊ ထူး၄-၈၇၀၀ကျပ်၊ ထူး၅-၉၂၀၀ကျပ်၊ ထူးလွန်-၉၅၀၀ကျပ်နှင့်ဥတစ်လုံးမှာ ၂၂၀၀၀ကျပ်အထိ တောင်သူရောင်းဈေးရရှိနေပြီး ယခင်အပတ်ထက်ဈေးအနည်းငယ်မြင့်တက်၍ စီးဆင်းမှုမှာလည်းပုံမှန်ထက်ပိုလျှက်ရှိပါ သည်။

     အာလူးတစ်ပိဿာလျှင်မျက်နီ   S2 2300ကျပ်၊ S1 2200ကျပ်၊ OK ၂၀၀၀ကျပ်၊ ဆွဲသီး ၁၆၀၀ကျပ်၊ ဂေါ်လီဆိုဒ် မှာ ၁၂၀၀ကျပ်ရှိပြီး မားတီးနှင့်နယ်သာလန်မျိုးတို့တွင်  S2 2500 ကျပ်နှင့် S1 2၄00 ကျပ်ဈေးပေါက်နေပြီးစီးဆင်းမှုမှာ ယခင်အပတ်ထက်မြင့်တက်နေကြောင်းသိရှိရပါသည်။

    ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ ၁၂၀၀-၁၅၀၀ကျပ်၊ ပန်းမုံလာ ၁၂၀၀-၁၄၀၀ကျပ်၊ ခရမ်းချဉ် ဂွတ် ရှယ်သီး ၁၅၀၀ကျပ်၊ အသေးဆုံးသီး ၁၂၀၀ကျပ်၊ ဘိုစားပဲ ၅၀၀၀ကျပ်၊ ဥနီ ၂၀၀၀-၂၃၀၀ကျပ်၊ ဖရုံသီး ၁၀၀၀-၁၂၀၀ကျပ်၊ ရွှေပဲ ၁၆၀၀၀-၁၉၀၀၀ကျပ်၊ ငြုပ်ပွ ၃၅၀၀-၄၂၀၀ကျပ်၊ ခရမ်းသီး ၂၅၀၀ကျပ်၊ မုန်ညှင်း ၃၅၀၀-၃၇၀၀ကျပ်ဈေးပေါက်နေကြပြီး စီးဆင်းမှုအနေဖြင့် ယခင်အပတ်ထက်လျော့နည်းကြောင်းလေ့လာသိရှိရပါသည်။

   သင်္ကြန်ပြီးကာလတွင် သီးနှံများဈေးနှုန်းအတက်ဈေးရရှိပြီး စီးဆင်းမှုမှာပုံမှန်အတိုင်းအားကောင်းနိုင်ကြောင်းနှင့် ဈေးနှုန်းများမှာလည်းတောင်သူတွက်ခြေကိုက်ဈေးနှုန်းများတွင် ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်းလေ့လာသိရှိရပါသည်။

DOCA(ရှမ်း)