စပျစ်သီးနှင့်ကျန်းမာရေး

Powered by Drupal

       အရောင်အသွေး၊ အနံ့၊ အရသာနှင့်ပြည့်စုံသော စပျစ်သီးသည် ယခုနွေရာသီတွင် ကျန်းမာရေးနှင့်ညီညွတ်သော အသီးအနှံတစ်မျိုးဖြစ်သည်။ စပျစ်သီးတွင် ကယ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ အမျှင်ဓာတ်၊ ဗီတာမင် C၊ ဗီတာမင် K၊ သီရာမင်း၊ ဗီတာမင် BG၊ ပိုတက်ဆီယမ်၊ ကော့ပိုး၊ မဂ္ဂနီဆီယမ် စသည့် အာဟာရ (၁၃) မျိုးပါဝင်သည်။

   စပျစ်သီးစားသုံးခြင်းဖြင့် နှလုံးကိုကျန်းမာစေခြင်း၊ သွေးပေါင်ကျစေခြင်း၊ ဝမ်းမှန်စေခြင်း၊ ဓာတ်မတည့်မှုကိုသက်သာစေခြင်း၊ မျက်လုံးကိုကျန်းမာစေခြင်း စသည့်ကျန်းမာရေးများကို အထောက်အကူပြုစေပါသည်။

        ၂၀၂၄ခုနှစ်၊ မေလ ပထမအပတ်၌ စပျစ်သီးတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း တောင်ငူမြို့ရှိ သစ်သီးဆိုင်များမှ စုံစမ်းသိရှိခဲ့ရပါသည်။

DOCA(ပဲခူး)