ဘုရင့်နောင်ကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံဈေးနှုန်းဈေးကွက်

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဧပြီလ စတုတ္ထပတ်မှ မေလဆန်းအတွင်း ဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံဈေးနှုန်းများမှာ ကုလားပဲဖြူလုံး ၁ပိဿာလျှင် ၄၀၈၀/-ကျပ်မှ ၄၇၁၀/-ကျပ်ထိလည်းကောင်း၊ ကုလားပဲဖြူလုံးကြီး ၁ပိဿာလျှင် ၄၃၃၀/-ကျပ် မှ ၄၅၀၀/-ကျပ်ထိလည်းကောင်း၊ စားတော်ပဲလုံး ၁ပိဿာလျှင် ၅၁၆၅/-ကျပ်မှ ၅၅၀၀/-ကျပ်ထိလည်းကောင်း၊ ပဲတီစိမ်း ပခုက္ကူ(သစ်) ၁ပိဿာလျှင် ၂၈၃၀/-ကျပ်မှ ၃၂၅၀/-ကျပ်ထိလည်းကောင်း၊ ပဲတီစိမ်း ခရမ်းရွှေဝါ(ထိပ်စ) ၁ပိဿာလျှင် ၃၈၃၀/-ကျပ်ဖြင့်လည်းကောင်း၊ ပဲတီစိမ်း ပဲခူးရွှေဝါ ၁ပိဿာလျှင် ၃၆၅၅/-ကျပ်ဖြင့်လည်းကောင်း၊ ပဲတီစိမ်း ဝါးခယ်မ ၁ပိဿာလျှင် ၃၀၀၀/-ကျပ်မှ ၃၆၇၀/-ကျပ်ထိလည်းကောင်း၊ ပဲယင်းနီ ၁ပိဿာလျှင် ၃၀၀၀/-ကျပ်ဖြင့်လည်းကောင်း၊ ပဲလွန်းဖြူ မြစ်ဝကျွန်းပေါ် (သစ်) ၁ပိဿာလျှင် ၃၂၅၀/-ကျပ်မှ ၃၄၂၀/-ကျပ်ထိလည်းကောင်း၊ ပဲလွန်းနီ မြစ်ဝကျွန်းပေါ် ၁ပိဿာလျှင် ၂၈၃၀/-ကျပ်မှ ၃၂၈၅/-ကျပ်ထိလည်းကောင်း၊ ပဲလွန်းဖြူ (ပဲခူး) ၁ပိဿာလျှင် ၃၂၅၀/-ကျပ်မှ ၃၄၂၀/-ကျပ်ထိလည်းကောင်း၊ ဘိုကိတ်ပဲ ၁ပိဿာလျှင် ၃၄၁၅/-ကျပ်မှ ၃၅၈၅/-ကျပ်ထိလည်းကောင်း၊ မတ်ပဲ RAW ၁ပိဿာလျှင် ၅၁၀၅/-ကျပ်မှ ၅၁၄၅/-ကျပ်ထိလည်းကောင်း၊ ကုလားပဲခြမ်း ၁ပိဿာလျှင် ၅၆၅၀/-ကျပ်မှ ၆၀၀၀/-ကျပ်ထိလည်းကောင်း ပဲကြီး(ကုန်း) ၁ပိဿာလျှင် ၄၇၈၀/-ကျပ်မှ ၄၉၆၀/-ကျပ်ထိလည်းကောင်း၊ ပဲကြီး(ရွှေကျွန်း) ၁ပိဿာလျင် ၄၇၈၀/-ကျပ်မှ ၄၉၆၀/-ကျပ်ထိလည်းကောင်း၊ ထောပတ်ပဲ(သစ်) ၁ပိဿာလျှင် ၅၁၃၀/-ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြစ်ပေါ်ခဲ့ပြီး တချို့ပဲဈေးနှုန်းများမှာ ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)