ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော ကန်ဇွန်းဥ ဈေးနှုန်း
ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြကြောင်း သိရပါသည်။
၂၀၂၅ ခုနှစ်၊ ယခု မေလ တတိပတ်တွင် သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော ကန်ဇွန်းဥ ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ၅၀ကျပ်သားလျှင်(၁၅၀၀)ကျပ်နှင့် ၂၅ကျပ်သားလျှင် (၈၀၀)ကျပ်ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးသူများပြီး အရောင်းအဝယ်ဖြစ် နေကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများ ထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)

















