Monthly Archives

  ယခုအချိန်သည် လိမ္မော်သီးမျာထွက်ရှိနေသည့် ကာလဖြစ်ပါသည်။ လိမ္မော်သီးသည် လူကြိုက်များ သော အသီးတစ်မျိုးဖြစ်သည့်အတွက် ဈေးကွက်ဝင်သီးနှံတစ်မျိုးဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။ လိမ္မော်ပင်သည် မြေသားထုနက်ပြီး သဲကဲ့သို့မဖွာ စနယ်ကဲ့သို့ မစေးသော မြေမျိုးတွင်ကောင်းစွာဖြစ် ထွန်းသည်။ ရေဝပ်သောမြေနှင့် စိမ့်ပေါက်သောမြေသို့တွင် မဖြစ်ထွန်းပေ။ မြန်မာနိုင်ငံတွင် လိမ္မော်သီးထွက် ရှိသည့်ကာလမှာ အောက်တိုဘာလမှ ဒီဇင်ဘာလအထိဖြစ်ပြီး ယခုအချိန်သည် ထွက်ရှိမှုအများဆုံး ကာလ ဖြစ်သည်ဟုဆိုနိုင်ပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ဒေသထွက်စတော်ဘယ်ရီသီးများ စတင်ရောင်းချ လျက်ရှိပါသည်။ စတော်ဘယ်ရီသီးကို တောင်ပေါ်ဒေသတွင် အဓိကထားစိုက်ပျိုးကြပါသည်။ စတော်ဘယ်ရီသီးများကို ဇူလိုင်လနောက်ဆုံးပတ်တွင် စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာလကုန်ပိုင်းတွင် စတင်ခူးဆွတ်ရကြောင်းသိရပါသည်။ စတော်ဘယ်ရီပင်များသည် မြေလျှောက်ပင်ဖြစ်ပြီး အသီးများ သီးလျှင် ပုရွတ်ဆိတ်ဒဏ်မှ ကင်းလွတ်စေရန် အပင်များကြားတွင် ကောက်ရိုးများထည့်သွင်းစိုက်ပျိုး ရကြောင်းနှင့် စတော်ဘယ်ရီပင်များ စိုက်ပျိုးရာတွင် နွားချေး၊ ကြက်ချေးနှင့် ဓာတ်မြေဩဇာများထည့်၍ စိုက်ပျိုးရကြောင်းသိရပါသည်။

  ဈေးချို၊ အလွယ်တကူဝယ်ယူလို့ရပြီး အရာသာချိုချိုဆိမ့်ဆိမ့်စေးစေးလေးရှိသည့် ကန်စွန်းဥကို ပြုတ်ပြီး ဆီ၊ ဆားနှင့်စားကြသလို မီးဖုတ်၍လည်းကောင်း၊ ပေါင်းစား၍လည်းကောင်း၊ ယိုထိုးစား၍ လည်းကောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်အနေဖြင့် ကန်စွန်းဥခြောက်ကြော်အပြင် အခြားမုန့်မျိုးစုံ ပြုလုပ် ရာတွင်လည်း ပါဝင်ပစ္စည်းအဖြစ် အသုံးပြုကြပါသည်။ ကန်စွန်းဥအား ခရမ်းရင့်ရောင်၊ ကြက်ဥ နှစ်ရောင်၊ အဝါရောင်တို့ကို အများဆုံးတွေ့ရလေ့ရှိပြီး အနီရောင်နှင့်အဖြူရောင်တို့လည်း ရှိပါသည်။