မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်ရှိ မြို့မဈေး၌ ပတ်ဝန်းကျင်ကျေးရွာများမှ နေ့စဉ်လာရောက်သည့်အပြင် ဆိပ်ဖြူနှင့် ယောဒေသမှ စားသုံးသူများကလည်း လာရောက်ရောင်းဝယ်ဖောက်ကားကြပါသည်။ ရေထွက်ကုန်များကို ရန်ကုန်ဘုရင့်နောင်ပွဲရုံမှ မှာယူရောင်းချကြောင်းသိရပါသည်။

















