ကန့်ဘလူခရိုင်၌ ရောင်းချလျက်ရှိသော သခွားမွှေးသီးဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်း၌ သခွားမွှေးသီးများကို မန္တလေးမြို့ရှိ သစ်သီး ပွဲရုံများမှ လည်းကောင်း၊ ရွှေဘိုမြို့ရှိ သစ်သီလက္ကားဆိုင်များမှလည်းကောင်း ဝယ်ယူရောင်းချ လျက်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရသည်။

   ၂၀၂၅ ခုနှစ် ၊ ဧပြီလ စတုတ္ထပတ်အတွင်း ကန့်ဘလူခရိုင်အတွင်းရှိ သစ်သီးဆိုင်များတွင် ရောင်းချလျက်ရှိသော သခွားမွှေးသီးဈေးနှုန်းများမှာ အလုံးအကြီးအသေးပေါ်မူတည်၍ သခွားမွှေး အလုံးကြီး(၁)လုံးလျှင် ၄၀၀၀ကျပ်၊ သခွားမွှေးအသေး(၁)လုံးလျှင် ၃၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ သခွားမွှေးသီးသည် ရာသီပေါ်အသီးတစ်မျိုးဖြစ်ပြီး လူကြိုက်များကာ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)